မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန့်သဘော။
မသိ၍ထင်
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ်စိတ်စော။
မင်းသုဝဏ်
13 February 2009
ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့် ပစ္စုပ္ပန်)
Posted by ညိမ်းညို at 00:05
Labels: အထိမ်းအမှတ် စာ/ကဗျာ
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
11 comments:
ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကို ဗိုလ်ချုပ်မွေးနေ့မှာ အမှတ်တရ တင်ပေးတာ ကျေးဇူးနော် ကဗျာဆရာ
အကြိုက်တူတာလား။ အကြံတူတာလား။ ငါလည်း ဒီကဗျာပဲ တင်လိုက်တယ် ဆြာညိမ်းရ...။ :D :)
အင်း
အနာဂတ် ကို ဆက်ရေးရမယ်
ကဗျာကောင်းလေး လာဖတ်တယ် အစ်ကိုရေ့ ဖွဲ့ဆိုပုံလေးကောင်းတယ်း)
ီဗိုလ်ချုပ်ကို အလေးအမြတ်ပြုသွားပါတယ်ဗျာ :)
ငြိမ်သက်စွာ ဖတ်ရှုသွားပါတယ် ဘိုညိမ်းရေ..။
ကျေးဇူးပါညီလေးရေ..ဆရာကြီး ကဗျာလေးဖတ်ရတာ..
ဒီတစ်ညလုံး ဘလောဂ့်တွေတိုင်းလိုလို
ဗိုလ်ချုပ် အကြောင်းတွေချည်း ဖတ်ရတာ
ကြည်နူး ဝမ်းနည်း ကြီးပါကွာ..
အင်း
အကြိုက်ချင်းကတော့တူနေပြီဗျို့ .....
ဒီကဗျာတစ်ခါမှမဖတ်ဖူးဘူး။ ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကဗျာလာဖတ်ပါတယ်..ကဗျာလေးက
တကယ်ကောင်းတယ်။
Post a Comment