12 December 2008

အဝေးလူ

ကွဲအက်ဆို့သီး ခရီးတစ်ထောက်
နာနာကျင်ကျင် ရောက်ခဲ့ပြီကွယ်။

စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်။

ခုနေမှာတော့...
လရောင်ခိုးဝှက် အိပ်ပျက်ညတို့
လမ်းစတစ်ဆုံး အမှောင်ဖုံးလဲ
မိုးရဲလို့ဆောင်းရဲ
ပြုံးနေရဦးမှာပဲကွယ်။

သူငယ်ချင်းတို့ရယ်
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်။

ညိမ်းညို

7 comments:

Unknown said...

ကဗျာဆရာရေ ..ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ
ရင်ထဲမကောင်းလှပါဘူးကွယ်...တဲ့. အတူတူပါဘဲ ..သူတစ်ယောက်ထဲခံစားတတ်တယ်ထင်နေတယ်..ဟွန့် .... :P :P

တင့်ထူးရွှေ said...

ရင်ထဲမကောင်းလှတာတော့ အမှန်ပဲ သူငယ်ချင်းရယ် :(

အိုင်လွယ်ပန် said...

ကိုညိမ်းလည်း ကိုတင့် ရဲ့အနာတွေကို
သွားဆွပြန်ပြီ :P
ရင်ထဲမကောင်းဘူးဗျ.....
ချမ်းမြေ့ပါစေအစ်ကိုရေ......

ဖြိုးငယ် said...

မှန်တယ် ဆရာညိမ်းရေ ...
(ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော)
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းဆင်းရဲ က တော်တော်ဆိုးပါတယ်ဗျာ

thihanyein said...

ဟုတ်တယ်ဗျို့ ဟုတ်တယ် ၅ ကြိမ်အော်သွားတယ်
ကဗျာဆရာ ဟဲဟဲ

SoeMoe said...

စီရီပြွတ်သိပ် မြို့ ပြရိပ်ထဲ
ညလဲလင်းလင်း နေ့ခင်းပမာ
ဆန်ရင်းစုန်ကြ
ငါတော့ မပျော်လှပါဘူးကွယ်.....
အတူတူပါဘဲ အစ်ကိုရေ..အဆင်ပြေပါစေ..။

လင်းဒီပ said...

တကယ်ပါပဲ အဝေးကလူတွေလေ...
အဝေးကမြို့လေးကိုလွမ်းလို့..
အဝေးက နေထိုင်မှုလေးတွေလွမ်းလို့..
အိမ်ပြန်ကတော့ နောက်ကျနေရဦးမှာပါပဲ..