(က)
အနာဂတ်တဲ့
လက်လှမ်းမှီရာနမ်းရှိုက်ကြည့်တော့
သွေးညှီနံ့ရတယ်၊
(ခ)
နိမိတ်ဖတ်ဆရာတွေကလဲ
အတပ်ဟောမယ် ဆိုတာချည်းပဲ
ခက်တာက
တမင်မလိမ်ပေမဲ့
အမြင်တွေမှိန်ချင်မှိန်သွားတတ်တာမျိုး
ဗိန်းမောင်းမတီးပေမဲ့
တိမ်းစောင်းချင်တိမ်းစောင်းသွားတတ်တာမျိုး၊
(ဂ)
တမိုးအောက်ကိုခိုတော့
သြဘာသံတွေလား..
သြဇာသံတွေလား...
ဒွေးရောယှက်တင် လိမ့်ဆင်းလာရဲ့၊
(ဃ)
ထစ်ခနဲရှိ...
ကြွက်သားတွေညှစ်ညှစ်ပြရာမှာ ကျွမ်းကျင်လာကြ
တစ်ယောက်က တစ်ယောက်ကိုဝါးမြိုချင်ကြ
စိမ်ပြေနပြေထိုင်ကြည့်နေတာခံရဖို့အထိ
သူတို့ကျွတ်ဆတ်မှုက တာရှည်မခံလေဘူး
ဒီတော့ အများသုံးဝေါဟာရဆိုတာလည်း
သူ့အသံထွက်နဲ့သူပေါ့၊
(င)
မိုးရွာထဲလမ်းလျှောက်ချင်ပါသလား
မျက်နှာကိုမိုးစက်တွေထိမှန်လာတဲ့အခါ
ရေးကြီးခွင်ကျယ်လုပ်မပြောကြေး။
ညိမ်းညို
20 April 2008
ချိန်းဆိုထားတဲ့နေရာ
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
11 comments:
ချိန်းဆိုတဲ့နေရာ အားလုံးကောင်းတယ်ညိမ်းညိုရေ...း)
ရေးကြီးခွင်ကျယ်လုပ်မပြောတော့ပါဘူး..........
ချိန်းဆိုထားတဲ့နေရာ..ကဗျာလေးကိုနားလည်သလိုခံစားသွားတယ်အကိုရေ..အဆင်ပြေပါစေ....
မိုးရွာထဲ လမ်းလျှောက် ချင်ပါသလား
မျက်နှာကို မိုးစက်တွေ ထိမှန်လာ တဲ့အခါ
ရေးကြီးခွင်ကျယ် လုပ် မပြောကြေး။
ကောင်း၏ :P
ထစ်ခနဲရှိ...
ကြွက်သားတွေညှစ်ညှစ်ပြရာမှာ ကျွမ်းကျင်လာကြ
တစ်ယောက်က တစ်ယောက်ကိုဝါးမြိုချင်ကြ
အနော် မပါဘူးနော် :P
မျက်နှာကိုမိုးစက်တွေထိမှန်လာတဲ့အခါ
ရေးကြီးခွင်ကျယ်လုပ်မပြောကြေး။
သိပ်ကောင်းတဲ့ စာသားလေးပဲဗျာ.
ကြိုက်တယ်....
ဒီကဗျာလေးကောင်းတယ် သယ်ရင်း။ ဘာမှကို ညှစ်မပြရဲ့တော့ဘူး။ ဟီး..
အပေါ်လွင်ဆုံး၊နဲ့အသေသပ်ဆုံး ကဗျာတစ်ပုဒ်ပါပဲ။ နောက်ထပ်၊နောက်ထပ်တွေကိုလည်း စောင့်မျှော်ခံစားသွားမှာပါ။
မနေ့က အပြင်ထွက်တာ မိုးရွာတာကွာ ငါ့ ကတုံးလေးကို မိုးပက်လို့ အခု ဖျားနေတယ်ကွာ ။ ဟဲ ဟဲ
ဆြာငြိမ်း မိုက်တယ် ကဗျာ ။
အနာဂတ်တဲ့
လက်လှမ်းမှီရာနမ်းရှိုက်ကြည့်တော့
သွေးညှီနံ့ရတယ်၊
(ခ)
နိမိတ်ဖတ်ဆရာတွေကလဲ
အတပ်ဟောမယ် ဆိုတာချည်းပဲ
ခက်တာက
တမင်မလိမ်ပေမဲ့
အမြင်တွေမှိန်ချင်မှိန်သွားတတ်တာမျိုး
ဗိန်းမောင်းမတီးပေမဲ့
တိမ်းစောင်းချင်တိမ်းစောင်းသွားတတ်တာမျိုး၊
အတွေးတွေ ပွ့းသွားတယ် ညီလေးရေ
Post a Comment