ကျွန်တော်လွမ်းနေတာ မြစ်တစ်စင်းမဟုတ်ဘူး
နောက်တစ်ခေါက် ပြန်စီးရမယ်ဆိုရင်လည်း
ဒီသီချင်းကို ဆိုဦးမှာပဲ၊
လူတစ်ယောက်က လူတစ်ယောက်ကို
လက်တစ်ဖက်က လက်တစ်ဖက်ကို
အသာတကြည် ဖေးမနေတာလောက်
ဘယ်မြင်ကွင်းမှ မလှဘူး၊
ပေါ့ပေါ့ဆဆကိုင်တွယ်ခဲ့မိတယ်
လျှောခနဲထွက်ကျသွားတာက
ဘာမှန်းညာမှန်းမသိ၂၃နှစ်
သတိကြီးကြီးထားပြီး ကိုင်တွယ်တတ်ချင်တယ်
ဒီတစ်ခါထွက်ကျဖို့
ကျွန်တော့်မှာ အနုပညာပဲကျန်တော့တာမို့။
ညိမ်းညို
21 April 2008
ခေတ်ဟောင်းတေး
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
10 comments:
လူတစ်ယောက်က လူတစ်ယောက်ကို
လက်တစ်ဖက်က လက်တစ်ဖက်ကို
အသာတကြည် ဖေးမနေတာလောက်
ဘယ်မြင်ကွင်းမှ မလှဘူး၊ကို..ညိမ်းညို..ကျန်ခဲ့တဲ့အနုပညာနဲ့ အောင်မြင်မှုခရီးဆက်နိုင်ပါစေ
... :)
ဂွတ်ထပဲ အဲအနုပညာလေးကို တစိမ့်စိမ့် ခံစားမယ်ဗျာ ၊ အဆင်ပြေပါစေ :)
ခောတ်ဟောင်းတေး..ဆိုတာကလည်းနှစ်သက်သူတွေအတွက်ဘယ်တော့မှမရိုးနိုင်တဲ့..တေးတွေဘဲပေါ့ပျော်ရွှင်ပါစေအကို..
ကောင်းလိုက်တဲ့ အနုပညာ ဗျာ :)
လူတစ်ယောက်က လူတစ်ယောက်ကို
လက်တစ်ဖက်က လက်တစ်ဖက်ကို
အသာတကြည် ဖေးမနေတာလောက်
ဘယ်မြင်ကွင်းမှ မလှဘူး၊
အဲ့ဒီမြင်ကွင်းတွေ ထာဝရ ရှင်သန်နေရင် ဘယ်လောက်ကောင်း အခုတော့ လက်တွေက တွန်းချဖို့ အတွက်များလား မသိ.........။
အနုပညာတွေကို အမြဲလာခံစားမယ် ဆက်လျှောက် ဘရားသားကြီးးးးးးးးးးးးး။
ကောင်းတယ်..အဲဒီ့အနုပညာတွေပဲ ပိုးစိုးပက်စက် ဆက်ပြီး စီးဆင်းနေပလေ့စေ :)
သယ်ရင်းရေ ... အကောင်းဆုံး လျှောကျနိုင်ပါစေကွာ ..
းပီ ...
မိုက်တယ်ကွ ... အနုပညာလေးကို ခံစားဖို့ စောင့်နေတယ်ဗျာ ...
ပွဲ လား .. အချိန်ကျရင် ခေါ်လိုက်မယ်ဗျာ ..း)
ရောက်အောင်သာ လာခဲ့ကြ ။
ဒီတစ်ခါ အလှဆုံးမြင်ကွင်းတွေ့ရင် သေချာဖမ်းဆုပ်ထားပါနော်...။
အဲဒီအနုပညာမျိုးတွေဆက်လက်စီးဆင်းနိုင်ပါစေ ညိမ်းညို...း)
အားပေးနေပါတယ်...။
လူတစ်ယောက်က လူတစ်ယောက်ကို
လက်တစ်ဖက်က လက်တစ်ဖက်ကို
အသာတကြည် ဖေးမနေတာလောက်
ဘယ်မြင်ကွင်းမှ မလှဘူး၊
ကဗျာလေး ကောင်းတယ် ညီလေးရေ
Post a Comment