ဟန်ရေးပြချင်ရုံသက်သက်နဲ့တော့
ကြိုးဝိုင်းပေါ် တက်မလာသင့်ဘူး
သတ်လုံးသတ်ကွက် ထိုးနည်းထိုးဟန်ကို
အများနည်းတူ ကျင်လည်ရမယ်
အမုန်းတရားတွေကို
အူလှိုက်သဲလှိုက်ကြီး လာမသွန်ကြေး
ပြိုင်ပွဲပြီးသွားရင်
ဖက်လဲတကင်း ပွေ့ရမ်းနှုတ်ဆက်ဖို့မမေ့ပါနဲ့
လာ...သူငယ်ချင်းရေ
နှလုံးသားချင်းထပ်တူထွန်းညှိလို့
ငှက်တစ်သောင်းခိုနိုင်မဲ့ သစ်ပင်ကြီးကိုပဲ
ငါတို့ အင်တိုက်အားတိုက် စိုက်ပျိုးကြရအောင်။
ညိမ်းညို
3 March 2008
လက်ဝှေ့တရား
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
7 comments:
ကို..ညိမ်းညို...ကဗျာလေးအရမ်းကောင်းတယ်.... :)
ဟန်ပြချင်ရင် ရှိုးပွဲသွားလျှောက်သင့်တယ်...
ကြိုးဝိုင်းပေါ်တတ်လာဖို့ ဆိုရင်တော့ သတ္တိလိုမယ်။
နည်းပြတစ်ယောက်ကိုတော့ ငှားရလိမ့်မယ် နည်းမှားလို့ ကတော့ ခင်ဗျာ လဲမှာပဲ...
နိုင်ရင်လဲပြုံနိုင်သလို .ရှုံးရင်လုသူတစ်ပါကို ဂုဏ်ပြုအပြုံးတစ်ပွင့်ချွေနိုင်ရမယ်.။
သစ်ပင်ကြီးစိုက်ပျိုးတဲ့အချိန် .........။
ကျနော်ရှိနေသေးရင်ကောင်းမယ်။
( ဘာမှတော့မဆိုင်ဘူးထင်တယ် ဦးကြွက်ကြီးရေ့ ရေးချင်ရာရေးလိုက်တာပဲ )။
ညိမ်းညိုရေ ကဗျာလေးကို ဖတ်ပြီး ကြောက်သွားတယ်... ဟီး... ဖိုက်တာကြီးဆိုပြီးတော့ လာမစရဲတော့ဘူး... ကဗျာလေးက ကောင်းပါတယ်ရှင်... မြန်မာ့ရိုးရာ အမွေမနှစ်လေးတွေ ပျန်သေးကြောင်းပြလိုက်ပါဦးနော်...
သစ်ပင်စိုက်ကြမယ်.. ဟုတ်တယ်..တို့ တွေအတူ စိုက်ကြမယ်...။ တစ်ခုပဲ စိုးရိမ်တယ်... သစ်ပင်ကြီး ငှက်တစ်သောင်းနားနိုင်တဲ့ အရွယ်ရောက်ရင် နားမယ့် ငှက်တွေ ၁၀၀၀၀ မပြည့်တော့မှာ စိုးတယ်...။
ညိမ်းညိုရေ...ငါလည်းကူစိုက်ပေးမယ်နော်....နောက်ပြီး
ရေလောင်းပေးမယ်..
ကဗျာလေးသိပ်ကောင်းပါတယ်။
Post a Comment