ငါ့မှာ အစွယ်လည်းမရှိဘူး
လက်သည်းလည်းမရှိဘူး
လူတစ်ယောက်အဖြစ် ရပ်တည်နေသေးတယ်ဆိုတဲ့သင်္ကေတ
ထိပ်ကိုပုတ်ရင်တော့ ခေါင်းထောင်လာတတ်ပါသေးတယ်
မငိုကြေး မရယ်ကြေးလေ
ငါကိုက သမိုင်းသင်ခန်းစာတွေကို မကြေညက်ခဲ့တာထင်ပါရဲ့
ဟုတ်တာပေါ့ ... ပြဿနာတိုင်းသာ
သံခင်းတမန်ခင်းသက်သက်နဲ့ ဖြေရှင်းလို့ရခဲ့မယ်ဆိုရင်
ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ဘယ်ရှိလိမ့်မလဲ
ကဲဗျာ.."ခင်ဗျားတို့ကို စိန်ခေါ်တယ်"
အပေအတေလေလွင့်နေစဉ်ဖတ်ခဲ့ဖူးတဲ့ စာတစ်အုပ်ရဲ့ခေါင်းစီး
အဲဒီမှာ ကျစ်ဆံမြီးလိုတွယ်ငြိနေတဲ့ ကျွန်တော်ရဲ့စိတ်
မိအောင်ဖမ်းချိတ်ချင်သပဆိုလဲ ချိတ်ကြပေရော့။
ညိမ်းညို
2 March 2008
ဇောက်ထိုးကောင်၏ မှတ်စုများ (၁၅)
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
4 comments:
အကို..ဇောက်ထိုးကောင်မှတ်စုတွေပြန်ရှာဖတ်အုံးမှနဲ့ တူတယ်..ရေးသာရေးအကိုရေ...
အနော် ဘာမှလုပ်ဘူးနော် ကြောက်ပါတယ်ဆို စိန်ခေါ်တယ်တဲ့.....ဖွင့်ချလိုက် ဖြေချလိုက် ဒါမှသက်သာမှာ ကိုယ့်ဘလော့ကိုယ်ကြိုက်တာရေး ( မြှောက်ပေးနေတာ ) ဟားဟားး..........
ဦးကြွက်ကြီးက ဇောက်ထိုးကြီးလား ကျနော်ထင်တာ ကန့် လန့် လားလို့ မှန်းကြည့်တာ ၅ ကျပ်ဖိုးလောက်လွဲသွားတယ်............။
အစွယ်လည်း မရှိဘူး
လက်သည်းလည်း မရှိ..ဇောက်ထိုးဆိုတော့...အိမ်မြောင်..အိမ်မြောင်လား...။
စိန်ခေါ်တယ်လား...မီဒီယာနဲ့တိုက်မှာနော်...။ အဟီး..ကေကို ညိမ်းညို အကြောင်းတွေ ဖွလိုက်မယ်လို့ပြတာ..။
ဒီမှတ်စု ( ၁၅) လေးလဲကောင်းတယ်ဗျာ...း)
ဟုတ်တာပေါ့ဗျာ ... ပြဿနာတိုင်းသာ
သံခင်းတမန်ခင်းသက်သက်နဲ့ ဖြေရှင်းလို့ရခဲ့မယ်ဆိုရင်
ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ဘယ်ရှိလိမ့်မလဲနော်
Post a Comment