20 May 2010

မီးပုံးပျံ

အမြင့်ဆုံးပျံတက်သွားတာ မဟုတ်ဘူး
အဝေးဆုံးကို လွင့်သွားရတာ၊

ဒီလိုပါပဲ
တိမ်တွေက အရွှန်းဖောက်တော့
ရင်ထဲကမီးတောက်ကို ၀ှက်ထားရတာပေါ့။

ညိမ်းညို

11 comments:

johnmoeeain said...

ဆန္ဒတွေ ပြည့်ဝတဲ့အထိ ပျံသန်း
လေပြည်တွေ အနမ်းမှာ
တစ်ဖန် ပြန်ဆင်းတဲ့အခါ
(((တစ်ချို့)))
လက်ခုပ်သံတွေ ပါမလာ....။

:) continued thinking bro :P

နေ့ သစ် said...

ဆရာညိမ်းညိုရဲ့  ကဗျာလေးတွေကို ဖတ်ရတာ
အမြဲတမ်း စိတ်ထဲမှာ တစ်ခုခု ကျန်နေခဲ့တယ် .. ။

မီးပုံးပျံနှင့်တူသော ကဗျာဆရာ။။

လေးစားချစ်ခင်လျက်။
ညီငယ်-နေ့ သစ်

လင်းဒီပ said...

ရင်နာစရာကောင်းတယ်..။
မီးပုံးပျံဘဝက...

ညိမ်းညို said...

>Johnmoeeain- အတွေးစလေး ထပ်ပီးချန်ပေးသွားတဲ့အတွက် ကျေးဇူးဗျး)

>နေ့သစ်- ဟေ့ယောင်လေး ဆရာညိမ်းညိုတော့မလုပ်နဲ့ကွ :P ပြန်လာမှ အပြတ်နှိပ်စက်ပစ်မယ် :D

>ကိုလင်းဒီပ- မီးတောက်ငြိမ်းသွားတော့ အားရပါးရလဲပြုတ်ကျရပါသေး အကိုရား)

nannlaypyaenu said...

ရင်ထဲကမီးတောက်ကို ၀ှက်ထားရတာပေါ့။

မီးတောက်တွေ ၀ှက်ထားရတဲ့ မီးပုံပျံတစ်စင်းကို ဖတ်ရှုခံစားသွားပါတယ်။

mgngal said...

ကျွတ် !

ညိမ်းညို said...

>Nann- ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

>mgngal- ကိုယ့်ညီတွေကတောင် စုပ်သပ်သွားတယ် ဟူးးးမီးပုံးပျံဖြစ်ရတာ မနိပ်ဘူးပဲ :P

Maung Myo said...

ဒီကဗျာလေးကို သူငယ်ချင်းမလေးတစ်ယောက်က သူ့ ဂျီတော့ မက်ဆေ့မှာ တင်ထားတာတွေ့တယ် ။ ကျနော်လည်းကြိုက်တယ် အဲ့လိုရေးတက်ရင်ကောင်းမယ် ။

ညိမ်းညို said...

>ကြွက်ကလေး- ရှဲရှဲ :)

Unknown said...

တခါတခါ ငါလဲငိုတတ်ပါတယ်
ကောင်းကင်ရယ်…

Unknown said...

တခါတခါ ငါလဲငိုတတ်ပါတယ်
ကောင်းကင်ရယ်…