ခုတ်ထားတဲ့သစ်ပင်တွေ အရွက်ထထွက်တော့ အလန့်တကြား
ခုတ်ထားတဲ့စိတ်တွေကျ ဘာလို့သေနေတာလဲ
အငေါက်တလူလူထွက်ဖို့ သစ်ပင်တွေ အငွေ့တလူလူပျံလို့ စိတ်တွေ
မြင်းဇောင်းထဲမှာ မြက်ထုံးတွေနဲ့၊ ၀က်စာခွက်ထဲမှာ ဖွဲနုတွေနဲ့ (ဝေလေလေ)
ငါတို့ဟာ အသားတိုးဖို့၊ ငါတို့ဟာ မြန်မြန်ပြေးဖို့
ဝေါ့ …သင်ယူသမျှ သင်မိသမျှ သင်ကြားသမျှဟာ အသားတိုးဖို့ မြန်မြန်ပြေးဖို့
ဒါပဲလား ဒါပဲလား ဟေးး ဒါအကုန်ပဲလား
(ရှုပ်ပါတယ်အာလာဒင်ရာ၊ မင်းကိုမပွတ်သပ်မိသေးသရွေ့တော့ ဘီလူးဆိုတဲ့အကောင်လည်း အိပ်နေတာပဲမဟုတ်လား)
သံပြိုင်- [သင်ယူသမျှ သင်မိသမျှ သင်ကြားသမျှဟာ သင့်ဟာတွေပါပဲ
သင့်ဟာတွေဟာ သင်ယူသမျှ သင်မိသမျှ သင်ကြားသမျှတွေပါပဲ]
အမြစ်ဘယ်မှာလဲ အရင်းစစ်သီဝရီများ ရီဝေလက်ပစ်ကူး
ထူးထူးခြားခြား တူးတူးခါးခါး မှန်ထောင်ကြည့်တာ မှန်အောင်သိမလားလို့
ချုပ်ထားသောသိုင်းကြိုးများ ဘယ်ဆီဘယ်ဝယ်၊ မလိုအပ်ဘဲ မလှုပ်ရှားမိပါစေနဲ့
ဘာသာစကားကို ဟိုထိုးသည်ဆွ ဒီညငါ့အန်ဖတ်ထဲ အချစ်ကလေးပါပါစ။
ညိမ်းညို
3 May 2010
ငါ့အချစ်လေးနဲ့ငါ ပျော်ပျော်ရွှင်ရွှင်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
3 comments:
ခုတ်ထားတဲ့စိတ်တွေက ထိုးထိုးထောင်ထောင် အညွန့်လေးတွေ လူလာမယ့်အချိန်
သင်ယူမိသမျှတွေ လက်ထိုးပြီး အန်ချလိုက်ပါ။
အချစ်ကလေးတော့....
မသေချာဘူး....
အချဉ်ဖတ်ကလေးတော့...ပါလိမ့်မယ်ထင်တယ်
ကိုကြီးရေ.... :P
ကြိုက်တယ် ကိုညိမ်း ။
Post a Comment