19 April 2010

လမ်းနဲ့ လရောင်

တွေးမိပါသလား
ရွှဲရွှဲစိုသွားအောင်
လရောင်နဲ့ အဆမ်းခံထိချင်ခဲ့တဲ့ လမ်းကလေး
တစ်ချိန်မှာ လရောင်ကြောင့် လောင်ကျွမ်းရလိမ့်မယ်လို့၊

တဖြည်းဖြည်း နီးလာတာလား
တဖြည်းဖြည်း ဝေးသွားတာလား
(ဒါတွေ ကိစ္စမရှိ)
သူ့ကိုယ်ငွေ့လေးကျလာရုံနဲ့
ကျွန်တော့်ဗျာပါဒတွေ ငြိမ်းပြီ၊

သိမ်းပိုက်ပိုင်ဆိုင်လို၍ မဟုတ်
ထိတွေ့ကိုင်တွယ်လို၍ မဟုတ်
မျှော်ငေးရုံသက်သက်
မြတ်နိုးရုံသက်သက်
သူ့ထွက်သက်ဝင်သက်လေးကအစ
ထိရှပျော်ဝင်တတ်သူမို့
အခါခါ ကျောခင်းပေးမိပေါ့
ညရဲ့ လရောင်များအောက်။

ညိမ်းညို

3 comments:

လင်းဒီပ said...

မတွေးတော့ဘူး
တစ်ကိုယ်လုံးစိုရွှဲအောင် ဆမ်းချလိုက်စမ်း လရောင်ရယ်...။

tin min htet said...

ကိုညိမ်းညို အခုတလောတော့ ပြန်ရေးဖြစ်နေပါလား။ ကျွန်တော်က တော်တော်ရှုပ်နေတာနဲ့ ဘလော့ဂ်တွေဘက် မရောက်လှဘူး။ ကိုညိမ်းညိုဆီတော့ ရောက်ဖြစ်ပါတယ်။

ဒါထက် .. ဘယ်နှစ်ရက် လိုသေးလဲ :)

မောင်မျိုး said...

သူ့ကိုယ်ငွေ့လေးကျလာရုံနဲ့
ကျွန်တော့်ဗျာပါဒတွေ ငြိမ်းပြီး

ကောင်းပါ့ အရင်တိုင်းပဲ ဦးကြွက်ကြီးရဲ့ အရေးသားတွေ သန်တုန်း မြန်တုန်းပဲ လေးစားတယ်ဗျို့ ။