16 April 2010

အချစ်ကြောင့်ပါပဲ

ခြံထောင့်ကစံပယ်ရုံမှာ ရနံ့တွေ လှိုင်ထနေတယ်။ အမြဲ လှုပ်လှုပ်ရှားရှား ရှိနေတတ်တဲ့ ရှဥ့်ငပေါကြီး ထူးထူးခြားခြား ငြိမ်နေတယ်။ အရင်လို အုန်းပင်ပေါ် ဖျတ်ခနဲပြေးတက်သွားဖို့ သူ့အတွက် ခက်ခဲနေသလိုပဲ။ ၀ါးရုံထဲကဇီးကွက်ကတော့ ပညာရှိကြီးမို့ ရနံ့စက်ကွင်းနဲ့ ကင်းလွတ်ချင်ယောင် ဆောင်နေတတ်တယ်။ တစ်ခါတစ်ခါ ရနံ့တွေက ကြောက်ဖို့ကောင်းတယ်။ ရိုးရိုးသန့်သန့်လေး သင်းပျံ့နေတာတောင် ယစ်မူးစေတတ်တဲ့ အစွမ်းတွေနဲ့။

လက်တစ်ဆစ်စာ အကွာအဝေးလောက်ရောက်ဖို့ ခန္ဓာကိုယ်တစ်ခုလုံး တွန့်ခေါက် လွန်းထိုးနေရတဲ့ ပက်ကျိတစ်ကောင်ဟာ ရနံ့တွေထဲ ပြိုလဲသွားဖို့ကလွဲရင်…၊ (ခြေတု အစားထိုးတပ်ဆင်ဖို့လည်း သူ့မှာ အစီအစဉ် မရှိဘူးမို့လား)

ရှဥ့်ငပေါကြီးလို ဆွံ့အလေးလံနေတဲ့ ပက်ကျိလူသားတစ်ယောက်က ဒီလို ငြိမ်းချမ်းစကား ဆိုလိုက်ပါတယ်။

နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားရတာကနေ
နာနာကျင်ကျင် သိမ်ငယ်ရတာအဆုံး
အရာရာ ကျေနပ်တယ်
အချစ်ကြောင့်ပါပဲ*။

ညိမ်းညို

*Black Hole ရဲ့ ဖန်သားနန်းတော် သီချင်းစာသားထဲက အချစ်ကြောင့်ပါပဲ စကားစုကို credit ပေးပါတယ်။ သုံးရိုးသုံးစဉ်စကားစုဖြစ်ပေမယ့် သူထည့်သုံးထားတာကို အရမ်း သဘောကျမိပါတယ်။

5 comments:

ShwunMi- said...

ပိုသေးငယ်သော အကောင်လေးတစ်ကောင်က လာရောက်ဖတ်ရှုသွားပါသည်။

ခရု

Anonymous said...

အချစ်ကြောင့်ပါပဲ။

လွမ်းသုရင် said...

ဟုတ်ပါ့ အချစ်ကြောင့်ပါပဲရှင် :)

mgngal said...

ခံစားသွားပါတယ် ကိုညိမ်း ။ နေကောင်းပါစ ။း)

phoethutaw said...

ကျတော်လည်း အဲ့စာသားတွေ သဘောကျတယ်..