ကိုးတန်းဆယ်တန်း
ငယ်တုန်းရွယ်တုန်းကတော့
ကျွန်တော်ဟာ သိပ်ကို ဟန်ကျနေတော့တာပေါ့
လွတ်လပ်စိတ်ကူး ပွင့်ဖူးသစ်စ
လောကကြီးကို
ချစ်ဖို့လည်း ၀န်မလေးဘူး
နှစ်ဖို့လည်း ၀န်မလေးဘူး
အပြစ်ကြီးအပြစ်ငယ်တွေ ဒုနဲ့ဒေး
လူမုန်းဆေးတွေ ဖော်ဖော်ပြီး
တစ်ကိုယ်တော်လည်း ပျော်ခဲ့ဖူးပါရဲ့။
ဘာကြောင့်ရယ် မဆိုနိုင်ဘူး
အသက်ကလေးရလာတော့ အဖော်လေးအပေါင်းလေးမင်လာ
ကိုယ့်အနာကိုယ် လျှာနဲ့သပ်ပြီး ငြိမ်ငြိမ်လေးနေချင်လာ
တစ်ခွက်တစ်ဖလားနဲ့ နေ့တွေညတွေ အိပ်မွေ့ချချင်လာ
ပဋိသန္ဓာရစကားတွေနဲ့ အရေးပေးတာခံချင်လာ
လောကကို ဟားမတိုက်ခင်
ကိုယ့်ရယ်သံနဲ့ကိုယ် ခလုတ်တိုက်မိတာလဲ အခါခါ
အရေးမဟုတ်တာ အရာလုပ်
အရာမဟုတ်တာ အရေးလုပ်
ငုတ်တုပ်မိုးလင်း မနက်ခင်းတွေကို ပွေ့ဖက်ဖူးခဲ့ပြီ။
လူကြီးတစ်ယောက်လို နှုတ်ခမ်းမွေးသပ်
လူငယ်တစ်ယောက်လို ဇတ်ဇတ်ကြဲ
ကိုယ့်ကိုယ်ကို လွန်ဆွဲနေရတာနဲ့ သေတာပဲ
မာယာကော့စကီးက
လူချောလူလှ နှစ်ဆယ့်နှစ်နှစ်သားကလေးတဲ့
ကျွန်တော်တို့က ဒီလို၊ ခေတ်ကြီးကဒီလို
ဒီလိုတွေများစွာနဲ့ အသက်ရှူကျပ် စိတ်ချောက်ချား
ေ၀၀ါးထွေပြား နှစ်ဆယ့်ငါးမှာ
ကျွန်တော် ဘယ်တရားကို နာရပါ့။
ကမ္ဘာကြီးက ဂလိုဘယ်ဆန်လာသလောက်
ဆက်သွယ်မှုကွန်ယက်တွေ ကျုံ့ကျုံ့လာသလောက်
ဆက်သွယ်ရမဲ့လူတွေ ပိုလို့ပါးလျားလာ
သစ်တောသစ်ပင်တွေ ဒိုးလျှိုပေါက်လာ
နေရောင်ခြည်ကို အဖျားအနားလေးရလာ
သဘာဝတရားနဲ့ ဝေးသထက်ဝေးလာ
လူတန်းစားမြေပြန့်လွင်ပြင်တွေ သွေ့သထက်သွေ့လာ
အရင်းနှီးဆုံးမိတ်ဆွေကြီးနှစ်ဦးဟာ
ရိုးသားတာနဲ့ ချစ်တတ်တာလို့ ဖြေခဲ့ဖူး
ဒီလို မမှားနိုင်ဘူးထင်ရ ကိစ္စတစ်ခုအပေါ်မှာတောင်
ကျွန်တော်ဟာ သံသယတွေနဲ့ထွေပြားလာ။
ငါ့ မှုန်ရွှေရည်မလေးရေ
ရွေးချယ်သမျှ
ပထ၀ီဆန်တယ်လား
ရွေးချယ်ခဲ့သမျှ ပထ၀ီဆန်တယ်တဲ့လား
အဲဒီလို ပထ၀ီဆန်တဲ့အနမ်းတွေကိုမှ
ငါက အဆက်မပြတ်ချွေချွေချနေတယ်တဲ့လား
ဆရာချောရေ
ကမ္ဘာကြီးအတွက် မောနင်းပက်
ကျွန်တော့်ရယ်သံတွေ ကွဲအက်ခဲ့ပါတယ်ဗျာ။
တစ်နေ့မှာ ဘယ်နှစ်ကြိမ် နေ၀င်ပါသလဲ
အနောက်အရပ်ကို ကျွန်တော်ကြည့်တယ်
ဘယ်ဘက်ရင်အုံတည့်တည့်ကို ကျွန်တော်ကြည့်တယ်
နေရာနှစ်နေရာမှာ နေဟာဝင်ခဲ့ပြီ
ညနေစောင်းပြီဆိုပြန်တော့
ငယ်ငယ်ရွယ်ရွယ်နဲ့ ရလာဦးမဲ့ သံဝေဂတွေကို
အသားကင်များလို တံစို့မှာထိုးသီ
မီးကျီရဲရဲပေါ် ပစ်တင်မိလိုက်ပြန်ပေါ့
ကျွန်တော့်သွေးဟာ
ဒါကို တောင်းဆိုခဲ့တယ်။
မုသားရဲ့ ထမင်းပန်ကန်ကိုမှ
ခြေညှပ်ဖိနပ်နဲ့ ဖြတ်ကန်ချင်တဲ့ကောင်
နောက်ဘ၀စာအတွက်ပါ
ဒီဘ၀မှာ အကုန်သုံးဖြုန်းပစ်တဲ့ကောင်
ကမ္ဘာကြီးခင်ဗျာ
အရေခွံအစုတ်နဲ့ လူငယ်လေးတစ်ယောက်ဟာ
အနုပညာနဲ့သာ မှောက်မှားခဲ့ပါတယ်
ချစ်စွာသောကဗျာများ
အမှောင်ကမ္ဘာတလွှား လင်းနို့များလို ပျံစေသား။
ညိမ်းညို
27 May 2009
ဒိုင်ယာရီ မီးကျိုးမောင်းပျက်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
18 comments:
ကဗျာဆရာ..လိုက်မ မှီတော့ဘူး. စာလည်းကြည့်အုံး။
တစ်နေ့မှာ ဘယ်နှစ်ကြိမ် နေ၀င်ပါသလဲ
်ဒါလေးတောင်မသိဘူးလား..ဟွန့်  :P
လင်းနို့တွေလိုလည်းပျံနိုင်ပါစေ
စာမေးပွဲတွေလည်း အောင်မြင်ပါစေနယ်ရေ ကောင်းသောနေ့ :)
ကဗျာခံစားသွားပါတယ်ဗျာ။ အဆင်ပြေပါစေ
ပျံစေသား.... ။ ပျံစေဗျား ။ မီးကျိုးမောင်းပျက်ကို ခံစားသွားတယ်ဗျ ။
ကဗျာဆရာလေးရေ..
မဖတ်တတ် ဖတ်တတ်နဲ့
ခံစားတတ်သလို ခံစားသွားပါတယ်...
ကိုညိမ်းညို .. ရာဇသံပေးသွားတယ်နော် .. စာလည်းကြည့်ဦးတဲ့ ... မင်းတို့လို ကဗျာရှည်ရှည်လေးတွေ အရမ်းရေးတက်ချင်တယ်ကွာ... ငါ့ကိုသင်ပေးဦး..
ညီလေး ကောင်းတယ်...
ရွတ်လိုက်တယ်..
ကိုယ့်ကိုကိုယ် အထက်တန်းကျောင်းသားဘဝကနေ လက်ရှိအချိန်ထိ ကဗျာမှန်ချပ်ထောင်ပြီး ပြန်ကြည့်မိသလို
ခံစားလိုက်ရတယ်..။
ကဗျာဆရာတစ်ယောက် ကိုယ့်ကိုကိုယ် ကဗျာမှန်ထောင်ပြီး ပြန်ကြည့်တယ်လို့ ပြောလိုက်မယ်။
ဘိုညိမ်းရေ
အသက်ကလေးရလာတော့
အဖော်အပေါင်းလေးက မင်လာသဟး)
ကမ္ဘာကြီးခင်ဗျာ
အရေခွံအစုတ်နဲ့ လူငယ်လေးတစ်ယောက်ဟာ
အနုပညာနဲ့သာ မှောက်မှားခဲ့ပါတယ်
ချစ်စွာသောကဗျာများ
အမှောင်ကမ္ဘာတလွှား လင်းနို့များလို ပျံစေသား။
ကဗျာဆရာရယ်
အနုပညာနဲ့မှောက်မှားခဲ့တာတဲ့လား
ချစ်စရာကောင်းတဲ့ကဗျာတွေမွေးဖွားလာဖို့
မှောက်မှားခဲ့ရတာ နှစ်လိုဖွယ်ပါပဲကွယ်
ကဗျာလေးသဘောကျမိတယ်ဗျာ
ကောင်းတယ် ကိုညိမ်းရေ..
ဒီလို ကဗျာရှည်ကောင်းကောင်းလေးတွေနဲ့ ဝေးနေခဲ့တာကြပြီ.. (း
ရောက်ဖြစ်ခဲ့တယ်။ တပုဒ်လုံး အနှစ်သာရ အပြည့်ပါပဲ။
အရမ်းကို နှစ်သက်မိပါတယ် အစ်ကို...
မုသားရဲ့ထမင်းပန်းကန်ကိုမှ ခြေညှပ်ဖိနပ်နဲ့ဖြတ်ကန်ချင်တဲ့ကောင်
အဲဒိနေရာလေး ကြိုက်တယ်
မုသားရဲ့ထမင်းပန်းကန်ကိုမှ ခြေညှပ်ဖိနပ်နဲ့ဖြတ်ကန်ချင်တဲ့ကောင်
အဲဒိနေရာလေး ကြိုက်တယ်
မုသားရဲ့ထမင်းပန်းကန်ကိုမှ ခြေညှပ်ဖိနပ်နဲ့ဖြတ်ကန်ချင်တဲ့ကောင်
အဲဒိနေရာလေး ကြိုက်တယ်
မုသားရဲ့ထမင်းပန်းကန်ကိုမှ ခြေညှပ်ဖိနပ်နဲ့ဖြတ်ကန်ချင်တဲ့ကောင်
အဲဒိနေရာလေး ကြိုက်တယ်
Post a Comment