ငါ့ဘ၀က ပျံကျဆိုရင်
ကျပျောက်လိုက် ပြန်ကောက်လိုက်နဲ့ပဲ
ခရီးစဉ်တိုင်းဟာ တေ့လွဲ
တစ်နေ့တစ်နေ့
မမြဲခြင်းတရားကို ရှုလို့
မျက်နှာမူရာအရပ်က
နေမထွက်တော့တာလဲ ကြာပြီ
အကုသိုလ်သိပ်ကြီးတဲ့အလုပ်
ငါးအချင်းချင်း
ဘယ်တော့မှ ပြန်မမျှားလေနဲ့
ဒီမှာ..
ဘ၀ကို ချစ်တတ်ဖို့ပဲလိုတယ်
အသက်ကို အသစ်ပွင့်လိုက်။
ညိမ်းညို
15 comments:
ကျပျောက်လိုက် ပြန်ကောက်လိုက်နဲ့ အလုပ်ရှုပ်နေလား ကဗျာဆရာ
ဟွန့် ..ပြောလို့ လည်းမရဘူး
:)
ဟုတ် ....
အင်း ...
တရားသဘောတွေပါနေတယ် ဘယ်တူလဲကွ နာ့အစ်ကို ကို ငါးအချင်းချင်း ပြန်မြှားနေတာ ရရင် ဟင်းတစ်အိုးချက်လောက်တောင်းမလို့  အိမ်မှာ ဒီနေ့ ညစာမရှိဘူးး :)
ငါးအချင်းချင်း မမျှားပါဘူး... ငါးအချင်းချင်း စား သွားတာ ...။ ငါးက ငါးမျှားချိတ်မှ မကိုင်တတ်ဘဲ ... ပျံကျ ဈေးသည်ရယ်...။
အေး...
အရမ်းကြိုက်တယ်ဗျာ ဒီကဗျာ
အရိုင်းတေးလေးလာနားထောင်သွားတယ်..
အသက်ကိုအသစ်ပွင့်လိုက်တဲ့..
ကဗျာ လာဖတ်သွားတယ် ကိုညိမ်းညို
ဒီမှာ..
ဘ၀ကို ချစ်တတ်ဖို့ပဲလိုတယ်
အသက်ကို အသစ်ပွင့်လိုက်။
ကောင်းလိုက်တဲ့အရေးအသား..
ကဗျာလေး ခံစားသွားတယ် ညီလေးရေ
လုပ်ချလိုက်ပြန်ပီဗျာ....
ကောင်းမှကောင်း..။ ။ !
ဟမ်း . . . .
ကောင်းမှကောင်း ညီလေးရေ
So good! So far!
ဒီလိုကောင်းတဲ့အရေးသားလေးဖတ်ရတာကျေးဇူးပါဘဲ..့
ကဗျာကိုခေါင်းစဉ်ရွေးထားတဲ့ စိတ်ကူးလေးကဆန်းတယ်..။
စကားလိုက်နာသွားတယ် ညိမ်းညို...:)
Post a Comment