ကိုယ့်ကဗျာလေးတွေကိုယ် ဖူးဖူးမှုတ်
လူမရှိတဲ့ပလ္လင်ဖုန်သုတ်ပြီး တက်ထိုင်နေတဲ့ကောင်
သူ့ဘ၀သူ မက်ရေစက်ရေရှိလိုက်ပုံကလည်း
သူ့အပြင် နှစ်ယောက်မရှိပြန်ဘူး
ကဗျာကလွဲရင် အကုန်ထိလို့ရတယ်ဆိုတဲ့ငတိ
အဲဒီကဗျာလေးတွေပဲ ရွေးရွေးအထိခံနေရတော့
ကိုင်း..ဘယ့်နှယ်ရှိစ..။
မင်းပရိသတ်ကို လက်ချိုးရေလို့ရတယ်ဆိုတော့
အားလုံးအစစ်တွေချည်းပဲတဲ့
ဖြေပုံက ရိုက်ပေါက်
အချိန်ရှိသမျှ ပွင့်အာဖူးရွနေတဲ့ ခေတ်ပြောင်းနာတွေကြား
ဒီလို အာငွေ့မျိုးလောက်တော့
ဇောက်ထိုးကောင်ငတိက ပျင်းတယ်ဆိုပဲ..။
မီးကျိုးမောင်းပျက်သေနတ်ထဲ
ကျည်အ,တွေထိုးထိုးထည့်ပြီး
တစ်သက်လုံး ၀ပ်ရှော့ပစ်လာတဲ့ကောင်
အထင်ကြီးလောက်စရာ တစ်ကွက်မှမရှိဘူး။
လမ်းကြုံတိုင်း အထိုးခံရဖန်များတော့
ကိုယ့်မေးရိုးကိုယ် ခိုင်အောင်လုပ်နေရတာနဲ့ပဲ
သူတစ်ပါးကို ရန်သတ္တရုပြုဖို့ဆိုတာလဲ
မစဉ်းစားရဲတော့ပါဘူးတဲ့။
သူ့စိတ်သူမညာဘဲ ရေးတတ်ပုံလေးကလွဲလို့
ကဗျာအတတ်ပညာဗလာနဲ့
လူရယ်စရာဖြစ်နေတဲ့ဇောက်ထိုးကောင်ငတိက
တစ်ခါတစ်ခါ ကဗျာတွေရေးပြီးပေါက်ကွဲတတ်သေးသတဲ့။
အလုပ်အကိုင်လား
မယ်မယ်ရရတော့မရှိပါဘူး
လေထိုးကျွတ်ဖာဆိုလား ကျွတ်ဖာလေထိုးဆိုလား
ဘယ်လို.. သူရေးတဲ့ ကဗျာအဆင့်အတန်းကိုပြောတာလား
ခင်ဗျားစဉ်းစားနေရင် ကြာဦးမယ်
တစ်ခါထဲ ပြောချလိုက်မယ်
ရေဆေးဆီလိုက်။
ညိမ်းညို
14 June 2008
ရေဆေးဆီလိုက် ကဗျာဆရာ
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
17 comments:
ကဗျာဆရာ...ကဗျာဆရာ...ဟင်း..ဟင်း...ဟင်း...
ဆက်ရေးပါကောင်း၏.. :P :P
ကိုညိမ်းရေ မအားတဲ့ကြားက လာဖတ်တယ် ဒုတိယအကြိမ်ပေါ့ ရေဆေးဆီလိုက်ကနေ အလုပ်ရုံကလေး အထိဆက်လျှောက်နိုင်ပါစေဗျာ
တစ်ခုခုတော့ တစ်ခုခုပဲပေါ့ ကဗျာဆရာ ဇောက်ထိုးငတိလေးရေ့ ဒါပေမယ့် လည်း ကိုယ့်ပါသာပဲတွေးလိုက်တော့မယ် မမေးတော့ဘူး ( သိနေလို့ ) ။
ကောင်းတယ်ကိုညိမ်းညို…ဒီကဗျာတော်တော်မိုက်တယ်….လေးပိုဒ် မြောက်မှာ “ရန်သတ္တရု“ လားလို့ …ကျွန်တော်သိထားသလောက်….ကဗျာဆိုတော့ အပွန်းမခံနိုင်ဘူးဗျို့ …စိတ်မဆိုးနဲ့ နော်…ကျွန်တော်လည်းသတ်ပုံကျမ်းတော့ပါမလာဘူး….သိသလောက်ပြောတာ….“ရန်သတ္တရု
ပြု“ လို့ ပဲဖတ်ဖူးလို့ …..ကျန်းမာပါစေ…
ကိုညိုထက်ညိုရေ ကျနော်စာလုံးပေါင်းသတ်ပုံကျမ်းပြန်ကြည့်လိုက်တော့ ဟုတ်တယ်ဗျ :) ရန်သတ္တရု တဲ့။ အခုလိုထောက်ပြပြင်ဆင်ပေးတာကျေးဇူးတင်ပါတယ်ဗျာ။ စိတ်မဆိုးပါဘူးအကိုရာ ကျေးဇူးတောင်တင်ရပါတယ်။ ကျနော်ပြင်လိုက်ပြီဗျ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)
ဇောက်ထိုးကောင်ရေ ဆရာချော ကဗျာ အသွားလေးလိုပဲဗျ ၊ အားလုံးအဆင်ပြေပါစေ ။ ။
ကိုယ့်ကဗျာလေးတွေကိုယ် ဖူးဖူးမှုတ်..ခဏခဏပြန်ဖတ်ရတဲ့အရသာ..ဘယ်လိုလေးလဲမသိဘူး..
ဒီတခါရေးတဲ့ကဗျာလေးကဖတ်ရသူအတွက်ပုံစံတမျိုးလေး..
အစ်ကိုရေးတဲ့ကဗျာတွေကဘယ်လိုရေးရေးကောင်းပါ၏.... :) :)
ကဗျာဥာဏ် ကလော်တိုင်းထွက်၊
ထွက်တိုင်းလည်း ကောင်းပါ၏။
မဇနိ
လက်ချိုး ရေလို့ ရတဲ့ အစစ်ထဲ မှာ မလေးမ ပါသလား .. ဇောက်ထိုးရေ ...။
လမ်းကြုံတိုင်း အထိုးခံရဖန်များတော့
ကိုယ့်မေးရိုးကိုယ် ခိုင်အောင်လုပ်နေရတာနဲ့ပဲ
သူတစ်ပါးကို ရန်သတ္တရုပြုဖို့ဆိုတာလဲ
မစဉ်းစားရဲတော့ပါဘူးတဲ့။
ကြိုက်တယ်ဗျာ.......
သိပ်ကောင်းတယ်ညီရေ. :)
လမ်းကြုံလို့ လာဖတ်သွားတယ်
အဲ.. တလက်စထဲ.. "ခွပ်.".။
မိုက်တယ် မောင်ညိမ်းညို ... မိုက်တယ်
(ကဗျာကိုပြောတာဗျ)။ :P
ကဗျာဆရာရေ ဆရာချောကို ပြန်မြင်လိုက်သလိုပဲ ...
တအားမိုက်တယ် .... ဒီကဗျာကို မင်းပြတဲ့ကကြိုက်နေတာ ..
ဒီကဗျာကို ကိုယ်တိုင်ရေး မျှားပြာဆိုပီး ကော်ပီကူးချင်လိုက်တာ
:P ဘာပဲဖြစ်ဖြစ် ယူသွားပီ ...
ကဗျာဆရာရဲ့ လက်ချိုးရေလို့ ရတဲ့ ပရိသတ်တစ်ယောက်ထဲမှာဒို့ လဲပါတယ်..အရမ်းကောင်းတယ်..ကဗျာဥာဏ်ပါရမီနဲ့ ပြည့်စုံတယ်..အဆင်ပြေပါစေ..။
သိပ်ကောင်းတယ် ဆြာညိမ်း။ ငါ့ဆိုင်ကယ်လေး ရေဆေးဆီလိုက် သွားလုပ်ရင် အဲဒါလုပ်တဲ့ ကောင်လေးတွေကို ခေါင်းခေါက်ခဲ့အုံးမယ်။ လုပ်ပစ်ချင်စိတ်တွေများနေလို့ :P
ကိုယ်မေးရိုးကိုယ်ခိုင်အောင်လုပ်...လေထိုးကျွတ်ဖာ ဖောင်းကားလာ...:P
အားပေးလျှက်ပါညိမ်းညို...း)
Post a Comment