Poetry is " a speaking picture - with this end, to teach and delight."
ကဗျာဆိုတာ စကားပြောတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ ဖတ်သူကို သင်ပြတယ်။ နှစ်သက်စေတယ်။
ဆာဖီးလစ် ဆစ်ဒနီ
*** *** ***
Poetry is " the spontaneous overflow of powerful feeling recollected in tranquility."
ကဗျာဆိုတာ တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်မှာ ပြန်လည်တွေးတောပြီး ပြင်းပြတဲ့ခံစားမှုဝေဒနာ တသွင်သွင် ယိုစီးခြင်းပါပဲ။
ဝီလျံ ၀ပ်စ၀ပ်
*** *** ***
Poetry is " a criticism of life."
ကဗျာဆိုတာ ဘ၀ကို ဝေဖန်ဆန်းစစ်ခြင်းတစ်မျိုးပါပဲ။
မက်သရူး အာနိုး
*** *** ***
Poetry is " the intellect colored by feeling."
ကဗျာဆိုတာ ခံစားမှုများနဲ့အရောင်တင်ထားတဲ့ အသိဥာဏ်ပါပဲ။
ဝီလဆင်
*** *** ***
The offic of poetry is not to make us think accurately, but feel truly.
ကဗျာရဲ့ အလုပ်တာဝန်က ကျုပ်တို့ကို အတိအကျစဉ်းစားတတ်အောင်လုပ်ဖို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ခံစားတတ်အောင် လုပ်ဆောင်ဖို့ပါပဲ။
ရောဘတ်ဆန်
13 October 2007
Poetry is....
Posted by ညိမ်းညို at 02:17
Labels: ကဗျာမှတ်စု/စာမှတ်စု
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
2 comments:
ဝီလဆင်နဲ့ ရောဘတ်ဆန်ပြောတာကို နှစ်သက်မိပါတယ်
မျှဝေတဲ့ အတွက် ကျေးဇူးပါ. ^.^
ကဗျာနဲ့ ပတ်သက်သမျှကို ဒီလောက်မြတ်နိုး စုဆောင်းတတ်တဲ့ကဗျာဆရာ ... ဆန္ဒနဲ့ ဘ၀ ထပ်တူကျရဲ့လား...။(အင်တာဗျူး ၀င်သွားတာ)
Post a Comment