၁၉၈၅
တောကြီးမျက်မည်းထဲ လူ့အန္ဓလေးတစ်ကောင် ရေသောက်ဆင်းလာတယ်။
၁၉၉၀
လမ်းလျှောက်တတ်တဲ့ ငါ့အဖေရဲ့ ဦးနှောက်က ငါတို့မိသားစုကို မ,ရွေ့လိုက်တယ်။
"ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်" မြို့ကလေးမှာ ငါတို့ ခိုနားကြတယ်။
၁၉၉၁
လမ်းလျှောက်တတ်တဲ့ ငါ့အဖေရဲ့ ခြေထောက်ကြီးကျိုးသွားတယ်။
ငါရယ်၊ ငါ့အစ်ကိုရယ် အော်ခေါ်တာကို အဖေက ပြန်မထူးနိုင်တော့ဘူး။
ခတ်ကွင်းပြင်နေရတဲ့ ငါ့အမေက ငါတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရှိုက်သံမကြားအောင် ငိုတယ်။
အမေ့သားအိမ်ထဲကနေ လောကသားအိမ်ထဲ ခုန်ဆင်းကာစ ငါ့နှမလေးက ဘုမသိဘမသိ ငိုတယ်။
၁၉၉၁-၂၀၀၁
သားသမီးသုံးယောက်ရှိတဲ့ငါ့အမေက လေ့ကျင့်ကွင်းအသစ်မှာ ၀တ်စုံပြည့်နဲ့ ပြေးလွှားတယ်။
ငါတို့ သားသမီးသုံးယောက်ကလည်း အမေနဲ့ တသားထဲရှိခဲ့ကြတယ်။
အမေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတယ်။
၂၀၀၂- ၂၀၀၄
ချယ်ရီတောမှာ သုံးနှစ်တာ ငါပျော်မောခဲ့တယ်။
၂၀၀၄-?
တောကြီးမျက်မည်းထဲ လူ့အန္ဓလေးတစ်ကောင် ရေသောက်နေတုန်းကွယ်။
ညိမ်းညို
21 October 2007
ယာယီခရီး
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
2 comments:
ညိမ်းညိုရေ ကောင်းလိုက်တဲ့ ကဗျာလေးကွာ
သိပ်သဘောကျတယ် ရေးထားတာ တွေးထားတာလေးတွေ
ကြိုက်မိတယ်
လူ့အန္ဓလေး တစ်ယောက် ရေသောက်ဆင်းသတဲ့လား
လူ့အန္ဓလေးတွေ ပင်လယ်ထဲလည်း မျောနေကြတယ် အဟက်ဟက်
တင်ပြပုံလေး ရိုးပြီး စွဲသွားတယ်
ထပ်ပြီးရေးပါအုံး
zeRoTraSh
nyein nyo
kabyar twe ko ayan like tal..
arr yin kabyar kg kg lay twe sat write par naw..a myal win pe read phit par tal.. nyein nyo ko a myal arr pay nay par tal.. kyoe sar naw..
Post a Comment