13 October 2007

Poetry is....

Poetry is " a speaking picture - with this end, to teach and delight."
ကဗျာဆိုတာ စကားပြောတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ ဖတ်သူကို သင်ပြတယ်။ နှစ်သက်စေတယ်။

ဆာဖီးလစ် ဆစ်ဒနီ

*** *** ***

Poetry is " the spontaneous overflow of powerful feeling recollected in tranquility."
ကဗျာဆိုတာ တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်မှာ ပြန်လည်တွေးတောပြီး ပြင်းပြတဲ့ခံစားမှုဝေဒနာ တသွင်သွင် ယိုစီးခြင်းပါပဲ။

ဝီလျံ ၀ပ်စ၀ပ်

*** *** ***

Poetry is " a criticism of life."
ကဗျာဆိုတာ ဘ၀ကို ဝေဖန်ဆန်းစစ်ခြင်းတစ်မျိုးပါပဲ။

မက်သရူး အာနိုး

*** *** ***

Poetry is " the intellect colored by feeling."
ကဗျာဆိုတာ ခံစားမှုများနဲ့အရောင်တင်ထားတဲ့ အသိဥာဏ်ပါပဲ။

ဝီလဆင်

*** *** ***

The offic of poetry is not to make us think accurately, but feel truly.
ကဗျာရဲ့ အလုပ်တာဝန်က ကျုပ်တို့ကို အတိအကျစဉ်းစားတတ်အောင်လုပ်ဖို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ခံစားတတ်အောင် လုပ်ဆောင်ဖို့ပါပဲ။

ရောဘတ်ဆန်

2 comments:

eithu said...

ဝီလဆင်နဲ့ ရောဘတ်ဆန်ပြောတာကို နှစ်သက်မိပါတယ်
မျှဝေတဲ့ အတွက် ကျေးဇူးပါ. ^.^

Layma said...

ကဗျာနဲ့ ပတ်သက်သမျှကို ဒီလောက်မြတ်နိုး စုဆောင်းတတ်တဲ့ကဗျာဆရာ ... ဆန္ဒနဲ့ ဘ၀ ထပ်တူကျရဲ့လား...။(အင်တာဗျူး ၀င်သွားတာ)