26 June 2010

ဝန်စည်စလယ်များသောအရပ်

ငှားနေတဲ့အခန်းမှာ ထပ်ခိုးလေးရှိတယ်
ထပ်ခိုးပေါ်မှာ သစ်တုံးတစ်တုံး
ထပ်ခိုးနဲ့သစ်တုံးဟာ အပြန်အလှန်မြှောက်ပင့်လို့
တစ်ဦးနဲ့တစ်ဦး ယုတ္တိဗေဒနည်းနဲ့တွေးရတာ သိပ်ဖင့်နွဲ့တာပဲလို့
တစ်ဖက်က လေသာဆောင်ကြားအောင် ပြောတယ်။

တည်းတည်းကလေးသာကျန်နေတော့တဲ့
အထီးကျန်တုတ်ထိုးသကြားလုံးတစ်လုံးက
သပွတ်အူခြောက်ကို သတိနဲ့စောင့်ကြည့်လျက်သာ
မကြာခင်
လောင်ဂျီကျုကို အလျားလိုက်ဖြတ်ပြီး လေယာဉ်ပျံတစ်ကောင်
ရူးသွပ်စွာကျွမ်းထိုးသွားတော့မယ်ဆိုတာ သိနေသလိုမျိုး
သူ့မှာ ချည်နှောင်မထားတဲ့ ချောင်းကြည့်ပေါက်တွေရှိနေသလိုမျိုး
မောနေတဲ့မြင်းတွေ ပစ်ချခံထားရတဲ့ရုပ်အလောင်းကောင်တွေ
အဲသလိုသာပ
တုတ်ထိုးသကြားလုံးလေးမှာလည်း သူ့အင်နာဂျီကို မီးပြန်ညှိခွင့်ရှိတယ်။

သူတို့ ၀တ်မှုန်မကူးကြတော့ဘူး
အကိုင်းဖြတ်တယ် အကိုင်းဆက်တယ်
ခြေလှမ်းကျဲကြီးများဖြင့် သွားကြတယ်။

အရှင်သခင်
မောက်မာဝင့်ကြွားသော
အဖော်အပေါင်းကင်းသော
ပူဆွေးဖွယ်ကံစမ်းခြင်းများဖြင့် ပသပါတယ်
ကြာပန်း၊ ရေအိုင်နှင့် သစ္စာရှိသောပင်လယ်လက်တက်များပင်ဖြစ်စေ
အချစ်နာကျနေကြပါတယ်
ကူညီညာဝိုင်းလို့ မှိုင်းမတော်မူပါ။

သန်းခေါင်ကျော် သန်းခေါင်လွဲ
သန်းထူသောအရပ်၌ ရှုပ်ထွေးပွေလီစွာ
အချစ်ဟာ အူကြောင်ကြောင်ရပ်နေပါတယ်။

ပေးပို့လိုက်သောပစ္စည်းအရေအတွက်နှင့် ဈေးနှုန်းစာရင်း
တိုင်တည်စရာဘုရားသခင်
အတွင်းဘက်၌ဖြစ်သော ဒဏ်ရာ
သံဖြင့်ပြုလုပ်ထားသောအရာများ
ထိုအရာတို့ အလွယ်တကူကြေမွသွားကြပါတယ်။

မသက်ဆိုင်တာကို မသက်ဆိုင်ကြောင်း သက်ဆိုင်ရာကိုပြောကြားပြီးလျှင်
ထိုအရာကို ပစ်ပယ်နိုင်ကြောင်း
ငှားထားသောအခန်းများ သန့်ရှင်းခဲ့ပါတယ်။

ညိမ်းညို

7 comments:

ShwunMi- said...

ဝန်စည်စလယ်တွေများပေမယ့် ပေါ့ပါးပါစေ အစ်ကိုညိမ်းညို =)

နေ့ သစ် said...

ကဗျာဆရာလူပျိုကြီး ...း)))

ကိုကြီးရေ ... မျှော်နေကြပြီ ...
ညီအစ်ကိုတွေ ... ။

ps . ကိုကြီး ကျနော် အငယ်ဆုံးပင်မဲ့ ခွဲခြားခွဲခြား မလုပ်နဲ့ ဗျ ၊ အအေးမသောက်နိုင်ဘူး ။း))

Unknown said...

ငှားထားသော..အခန်းများ
မသန့်ရှင်းခဲ့ပါက.......
အဆောင်ဒါရိုက်တာထံ...
ဖြေရှင်းချက်တင်ရမည်........
:P

Mhu Darye said...

ကဗျာတွေကို လွမ်းလို့နေတော့မှာပဲ..ကိုညိမ်းညို ။

layma said...

ကဗျာတွေကတော့ တွေးလို့ ကောင်းတုန်း။ ကဗျာဆရာရေ အဆင်ပြေကြတယ်မဟုတ်လား.။ ဘိုတင့်ရော တွေ့ ရင် သတိရကြောင်း သတင်းပါးပေးပါ။

တင့်ထူးရွှေ said...

အစ်မကြီးရေ ၊ အဆင်ပြေကြောင်း သတင်းကောင်း ပါးပါတယ်။ ကိုညိမ်း တော့ ဘယ်ဆီမယ် မသိဘူး ။

မင်းတာရာ said...

ဖတ်သွားပါတယ်။
ကျေးဇူးတင်တယ်လို့ 
ပြောပြီးတားရစ်တယ်။