16 February 2010

အထီးကျန်

အထီးကျန်

ရပ်နေတာ ဘယ်လောက်ကြာပြီလဲ
အပြင်မှာ မိုးရွာတော့မှာလား
ပြတင်းတံခါးဟာ ဖွင့်လိုက်ပိတ်လိုက်
ညနေခင်းကသူ့အလိုလို ပြိုကျသွားပြီ
ဖွင့်စရာသီချင်းလည်း ကုန်သွားပြီ
သတိရစိတ်က ညတွေလိုနက်ရှိုင်းပြီး
အစဆွဲထုတ်ဖို့ အဆုံးကိုပြန်သွားလို့မရတဲ့အခါ
မလှုပ်သာမလှည့်သာ အခန်းလေးထဲ
အရောင်တွေ မှိုင်းလွန်းလှတယ်။

ညိမ်းညို

4 comments:

တင့်ထူးရွှေ said...

ပြတင်းတံခါးဟာ ဖွင့်လိုက် ပိတ်လိုက်
မနက်ဆို ဖွင့်တယ်၊ ညဆို ပိတ်တယ်
ဒီလိုနဲ့ တစ်ရက် နောက်တစ်ရက် ...

ကိုညိမ်းနဲ့အတူ ရောပြီးတော့ အထီးကျန်သွားတယ်၊ ရတယ် ဟုတ် ..:-)

johnmoeeain said...

သွားတော့သွားနေတာပဲ
ဒါပေမယ့် ဆုံလည်နွားလိုပဲ
ဒီတစ်နေရာထဲ ပြန်ပြန်လညလာမိသလို...။
ရပ်တော့ ရပ်နေခဲ့တာပဲ
နစ်ဝင်သွားခဲ့တာလည်း မသိလိုက်ဖူး
သတိထားမိတော့ မနက်ခင်းချိန်တိုင်းဟာ
နေ၀င်ဖို့ နီးလာသလိုလို....။
ဝန်းကျင်က လင်းကျင်းနေပေမယ့်
စိတ်ထဲမှာက ပကတိ အမှောင်....။

(စကားချပ်... ဘာရယ်မဟုတ်... ခံစားမိသွားလေးပါ...)

ခင်မင်လေးစားလျက်

johnmoeeain said...

ကဗျာလေးကို credit ပေးပြီး ယူသွားပါတယ်နော် :)

လေးစားစွာ

jr.lwinoo said...

ကိုယ့်အကြောင်းကိုယ် ပြန်ကြားနာမိရသလိုပါပဲ။