လမ်းခွဲတယ်ဆိုတာ
ထစ်အပြတ်ရှ နတ်ဆိုးတွေလက်မှိုင်ချယူရအောင်
တမြိမြိမြတယ်၊
ကောင်မလေးရေ
ငါ့ကို လှောင်ပါ
နှလုံးသွေးအပြာနဲ့ ရေးမှုတ်
သံယောဇဉ်တစ်ဆုပ်ကိုပဲ
ရိုကျိုးမိုးချုပ်ခဲ့သူမို့။
ဒုတိယလူ
ဓါးအိမ်ထဲက ဓားတစ်လက်လို
ငြိမ်သက်စွာ ၀ပ်စင်း
ငါတို့ကွေကွင်းခြင်းကို ဖန်ဆင်းခဲ့တယ်။
ကြွေ
ဖွဖွကလေး
တောက်ထုတ်လိုက်တာပါတဲ့
ကြိုးတန်းပေါ်က လူတစ်ယောက်ကို...၊
တစ်တောလုံး တော်လည်းခဲ့တယ်
(ဆက်တင်က...)
ပန်းကလေးမေးဖျား ပိတုန်းနားဟန်၊
အချိန်အခါမဟုတ်မိုးက
ရွှံ့ လိုနွံလို ညစ်ထေးစေရဲ့
ကျွန်တော့်ရဲ့ စံပယ်ဖြူပွင့်လေး
လောကဓံကိုယ်လေးလက်ဝန် ရခဲ့တယ်။
တေး
ပိုးချည်းပါပဲ
ရှင်ဘုရင့်ပုဆိုးဆိုတာကတော့၊
မုတ်သုံရေ
လွမ်းရတာ
ဘယ်နှစ်ရာသီတိုင်ပြီလဲ
မင်းခြေဖျားတွေနဲ့ ပင့်ခတ်ကန်ကျောက်ပြီး
(ငါ့ကို..) ရွှဲရွှဲစိုအောင် ရွာချလိုက်ပါတော့။
နှုတ်ခမ်းကိုတင်းတင်းကိုက်
အသံမထွက်အောင်ရှိုက်နေသူမှာ
တေးတစ်ပိုဒ် မီးမြိုက်နေပါလိမ့်မယ်။
အညမည
အလွမ်းသင့်နွေ
စမ်းရေခမ်းခြောက်၊
မကမ်းနှင့်မေ
ပန်းလှေလမ်းပျောက်။
ဆွေး
ငေးခဲ့မိတယ်
ကြယ်တွေအငွေ့ပျံသွားတဲ့အထိ
တစ်စိမ့်စိမ့်ကျွံဝင်နေတဲ့
တွင်းနက်ကြီးအ၀မှာ ရပ်ရင်း၊
သွားတက်ကလေးရေ
တစ်ခါတစ်ရံတော့ ငိုပါရစေ၊
ဂစ်တာတစ်လက်နဲ့ ဆောင်းညအို
ငါ့ကို မီးဖိုပါစေတော့။
စေ့စပ်ပွဲ
အသိမပေးရက်တဲ့
လခြမ်းဝါရေ
ကြယ်တွေနဲ့အတူငေးခဲ့သူမို့
ခပ်ရေးရေးတော့ ကိုယ်မြင်တယ်။
တယ်လီဖုန်း
လူတစ်ယောက်အနားမှာ ရှိတဲ့အခါ
လူတစ်ယောက်ကို စကားပြန်ဖို့ခက်နေရှာ
တယ်လီဖုန်းလေး အားနာစရာ။
မွှေး
ရွှေလင်ပန်းနဲ့ အချင်းမဆေး
ရွှေခြေချင်းနဲ့ အလှမ်းဝေး
သူ့စိတ်ကလေးသူ လျှော်ဖွပ်နေပုံကိုက
(ကိုယ့်စိတ်ထဲ...)
လမင်းကို ပန်းပန်ပေးမိ။
ညိမ်းညို
13 October 2009
မွှေး
ကွဲ
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
7 comments:
ကိုညိမ်းညို ကဗျာလေးလေးတွေက ချစ်စရာ၊ လွမ်းစရာ ..
ကွဲ ကြွေ တေး ဆွေး မွှေး . . .
ကဗျာဟာ ပန်းကုံးတစ်ခုလိုပဲ ..
ဘယ်ပန်းတစ်ပွင့်က ပိုမွှေးတယ်လို့ မပြောကောင်းတော့ဘူး..
ကဗျာလေးက နူးညံ့ လှလွန်းလိုက်တာ
ညိမ်းညိုရေ ..
ရေးထားပုံက အဆန်းလေးပဲ ..
ခေါင်းစဉ်လေးတွေခွဲပြီး ရေးထားတာ မိုက်တယ် ...
ထိတယ် ။။ မိတယ် ဟေ့
ကြိုက်တယ်ဗျ ကိုညိမ်းရ ..
တော်တော် လှတယ်ဗျာ ..
ကဗျာလှလှလေးတွေပါလား.. ညိမ်းညို
ကဗျာလေးတွေ
ကောင်းလိုက်တာ..
ရေးထားပုံလေးကလဲဆန်းတယ်နော်...
Post a Comment