အဆွေးသမား ၁
နှစ်ကာလတွေ တအိအိပြိုကျလာ
ချေး(ဂျီး)မှုန်တွေ အထပ်ထပ်ကပ်ငြိလာ
လိုနေတာ တစ်ခုခုပဲ
တစ်ခုခုဟာ လိုနေမြဲပဲ
ငါပြန်ရှာတယ် ငါတွေ့ချင်ရဲ့
လတ်ဆတ်မှုဟာ တဇတ်ဇတ်ခုန်လို့
အသွေးအသားထဲကနေ အရေပြားအထိ
အရင်တုန်းကလို
အခု
ငါပြန်ရှာတယ် ငါမတွေ့တော့
အလို…ဆန်းလှချည့်။
အဆွေးသမား ၂
သူ လာခဲ့တယ်
သူ ပြန်သွားတယ်
အခါခါ ဦးညွှတ်လို့
အခါခါ ရူးသွပ်လို့
ငှက်မွှေးကလေး ထိုးစိုက်ခဲ့တယ်ပေါ့
လေနီကြမ်းတို့ မလာမီ။
အဆွေးသမား ၃
ခရီးလမ်းပန်း သာပါစ
‘သွားရမည့်ခရီးကား ဝေးသေး၏
ခြေသာလျှင် ယာဉ်ရှိကုန်၏’ *
အဆွေတို့
အမှောင်မသန်းခင်
တောင်တန်းတွေဆီ ခရီးနှင်ပ။
*မင်းဘူးဦးသြဘာသ-ဝေဿန္တရာဇာတ်တော်ကြီးမှ
အဆွေးသမား ၎
ချောင်းတရိုး မြစ်တသွယ်
ဘယ်လှေကို စီးရပ
ချည်ကြိုးတို့ ပြေပါစ
သီကြိုးတို့ ညီပါစ။
အဆွေးသမား ၅
ရီစရာတွေးတယ်
ရီစရာပြောတယ်
ရီစရာလုပ်တယ်
မရီရတဲ့ မျက်နှာအသေကြီးနဲ့
ဆွေးတယ်
လောကပါလတရားများကို
အမှန်တကယ် လှိုက်လှိုက်လှဲလှဲ။
အဆွေးသမား ၆
မြစ်ကို အဖော်ပြု၍
တောင်တန်းကြီးများ မားမားရပ်တည်
တစ်ချိန်ကျလို့
မြစ်ဟာ ပင်လယ်ဆီစီးဝင်သွား
တောင်တန်းကြီးများ
ကြီးကောင့်ကြီးမား အားနာစရာ။
အဆွေးသမား ၇
နေရောင်ခြည်
လေပြေ
အသာတကြည် ခပ်ယူပြီးသကာလ
ပန်းနှင့်ပင်ဖြစ်စေ
(ကျွန်ုပ်တို့) တစ်ဦးကိုတစ်ဦး မပစ်ပေါက်ကြေး။
အဆွေးသမား ၈
ဆီကွက်သော စက္ကူလို
ကြာလေ ပြန့်ကားလေ
သံသယဟာ အစွမ်းထက်ရဲ့
ကံ စိတ် ဥတု အာဟာရ
သေသေချာချာချိန်ပြီး ပစ်ချ
မြစ်ချောင်း အင်း အိုင် ပင်လယ် သမုဒ္ဒရာများ
လက်တပစ်စာ ဖြစ်သွား
အရာရာဟာ နာဖျားပျက်ကြွေ
ခါးတွေ တစ်သက်လုံးကုန်းခဲ့ကြ
ဘာအထုပ်များ ပါပါလိမ့်။
အဆွေးသမား ၉
ဖောက်ခဲ့ကြ
လျှောက်ခဲ့ကြ
ပျောက်ခဲ့ကြ
ထင်ရှားတာလဲရှိ၊ မထင်ရှားတာလဲရှိ(လမ်းတွေ)
အဆွေးသမားဟာ ဆွေးလို့
အတွေးသမားဟာ တွေးလို့
အငေးသမားဟာ ငေးလို့
ထမင်းတစ်နပ်စာမျှဖြစ်စေ
ဘ၀အပေါ် မြိန်ယှက်ဖို့ လိုရဲ့။
အဆွေးသမား ၁၀
တောမြိုင်သို့ ၀င်ပါအံ့
ခြုံနွယ်ဆူးရစ်တို့ ထူပါအံ့
ပေါက်ပြဲခြစ်ရာ ထင်ပါအံ့
အပြစ်မတင် ချစ်ချစ်ခင်ခင်ရယ်ကြရအောင်လေ။
အဆွေးသမား ၁၁
သွား ၃၂ လျှာ ၁
ဝါးသလောက် အရသာမသိ
စားကောင်းသော အသီး
မစားကောင်းသော အသီး
ဝမ်းမီးငြိမ်းပုံ မတူလေ။
အဆွေးသမား ၁၂
ပြောရင်း တိမ်ဝင်လာသော အသံများ
ပြေးရင်း တိုဝင်လာသော ခြေထောက်များ
စားရင်း ကျုံ့ဝင်လာသော အစာများ
ဘယ်ညာ လက်နှစ်ဖက်စလုံး မအားလပ်ကြ
အသက်ဇီဝလေးကို ယက်ယက်ပြီးကျင်ယူ
သူတင်ကိုယ်တင်ခေတ်ကြီးထဲ
ကိုယ်ကမတင်သောအခါ သူချည်းတင်လေသတည်း။
အဆွေးသမား ၁၃
စိမ်း
ပြာ
မှောင်
ညို
ရောင်
သန်း
အရိပ်အယောင်များ လမ်းသလားကြရာ
ဘ၀တိုတို ၀င်္ကပါ
ငါတို့ ယောင်ချာချာ။
အဆွေးသမား ၁၄
စားတယ် သောက်တယ်
ယဉ်ယဉ်ကျေးကျေး
ပညာရှာတယ် ငွေရှာတယ်
ယဉ်ယဉ်ကျေးကျေး
တွန်းတယ် တိုက်တယ်
ယဉ်ယဉ်ကျေးကျေး
ကြာသော်
သိပ္ပံနည်းကျဘာသာရပ်များ တိုးပွားလာ
ယဉ်ယဉ်ကျေးကျေး ဟူ သ တတ်။
အဆွေးသမား ၁၅
၁
မီးခြစ်ယူပါ
၂
ခြစ်ပါ
၃
မီးတောက်ပါစေ
၎
မတောက်ရင် တောက်အောင်ခြစ်ပါ
၅
ထိုမီးခြစ်သည် ကောင်းပါစေ
၆
မကောင်းသော် လဲရန်ပြင်ရန် ၀န်လေးခြင်း မရှိပါစေ
၇
မီးတောက်မှ ပြီးမြောက်မယ်။
အဆွေးသမား ၁၆
ဧယင်ကျူးကို ဧယင်ကျူးလိုငိုမည်
နတ်ဒိုးကို နတ်ဒိုးလိုဆိုမည်
တချို့ချိန်ခါငို တချို့ချိန်ခါမြူး
ရယ်သောအခါ အသံထွက်ပါစေ
လူသည်ကား တစ်ယောက်တည်း။
အဆွေးသမား ၁၇
မှောင်ကြီးမဲမဲ
ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲပြီး
ရသလောက် သဲ့ယူခဲ့တယ်
‘အလင်းရောင်’
အဆွေးသမား ၁၈
နျူကလီးယားမှိုပွင့်ဟာ
ဂေါ်ဖီပန်းလောက် မလှပါ
မျက်ရည်တွေ သိမ်းဆည်းဖို့
နှလုံးအိမ်သည် နူးညံ့ဖို့လို
အမြောက်ဆံ ကျည်အခွံများ ဘုရားပန်းဝေေ၀ဆာ
ကမ္ဘာအသစ်မှာ
(ကျွန်ုပ်တို့) ဆွေးဖွယ်တေးများ မသီတော့ပါ။
အဆွေးသမား ၁၉
ကွင်းအစပ်မှာ လေတဟူးဟူး
ပင်အပ်ကလေးများ ရနံ့မှာပျော်ဝင်
ညောင်းညာကိုက်ခဲ ဘူတာအိုများ
ခရီးဆက်လက်ထွက်ခွာ
လက်ပြလိုသည်ဖြစ်စေ လက်မပြလိုသည်ဖြစ်စေ
လက်ပြ!
Ok?
ညိမ်းညို
နှစ်ကာလတွေ တအိအိပြိုကျလာ
ချေး(ဂျီး)မှုန်တွေ အထပ်ထပ်ကပ်ငြိလာ
လိုနေတာ တစ်ခုခုပဲ
တစ်ခုခုဟာ လိုနေမြဲပဲ
ငါပြန်ရှာတယ် ငါတွေ့ချင်ရဲ့
လတ်ဆတ်မှုဟာ တဇတ်ဇတ်ခုန်လို့
အသွေးအသားထဲကနေ အရေပြားအထိ
အရင်တုန်းကလို
အခု
ငါပြန်ရှာတယ် ငါမတွေ့တော့
အလို…ဆန်းလှချည့်။
အဆွေးသမား ၂
သူ လာခဲ့တယ်
သူ ပြန်သွားတယ်
အခါခါ ဦးညွှတ်လို့
အခါခါ ရူးသွပ်လို့
ငှက်မွှေးကလေး ထိုးစိုက်ခဲ့တယ်ပေါ့
လေနီကြမ်းတို့ မလာမီ။
အဆွေးသမား ၃
ခရီးလမ်းပန်း သာပါစ
‘သွားရမည့်ခရီးကား ဝေးသေး၏
ခြေသာလျှင် ယာဉ်ရှိကုန်၏’ *
အဆွေတို့
အမှောင်မသန်းခင်
တောင်တန်းတွေဆီ ခရီးနှင်ပ။
*မင်းဘူးဦးသြဘာသ-ဝေဿန္တရာဇာတ်တော်ကြီးမှ
အဆွေးသမား ၎
ချောင်းတရိုး မြစ်တသွယ်
ဘယ်လှေကို စီးရပ
ချည်ကြိုးတို့ ပြေပါစ
သီကြိုးတို့ ညီပါစ။
အဆွေးသမား ၅
ရီစရာတွေးတယ်
ရီစရာပြောတယ်
ရီစရာလုပ်တယ်
မရီရတဲ့ မျက်နှာအသေကြီးနဲ့
ဆွေးတယ်
လောကပါလတရားများကို
အမှန်တကယ် လှိုက်လှိုက်လှဲလှဲ။
အဆွေးသမား ၆
မြစ်ကို အဖော်ပြု၍
တောင်တန်းကြီးများ မားမားရပ်တည်
တစ်ချိန်ကျလို့
မြစ်ဟာ ပင်လယ်ဆီစီးဝင်သွား
တောင်တန်းကြီးများ
ကြီးကောင့်ကြီးမား အားနာစရာ။
အဆွေးသမား ၇
နေရောင်ခြည်
လေပြေ
အသာတကြည် ခပ်ယူပြီးသကာလ
ပန်းနှင့်ပင်ဖြစ်စေ
(ကျွန်ုပ်တို့) တစ်ဦးကိုတစ်ဦး မပစ်ပေါက်ကြေး။
အဆွေးသမား ၈
ဆီကွက်သော စက္ကူလို
ကြာလေ ပြန့်ကားလေ
သံသယဟာ အစွမ်းထက်ရဲ့
ကံ စိတ် ဥတု အာဟာရ
သေသေချာချာချိန်ပြီး ပစ်ချ
မြစ်ချောင်း အင်း အိုင် ပင်လယ် သမုဒ္ဒရာများ
လက်တပစ်စာ ဖြစ်သွား
အရာရာဟာ နာဖျားပျက်ကြွေ
ခါးတွေ တစ်သက်လုံးကုန်းခဲ့ကြ
ဘာအထုပ်များ ပါပါလိမ့်။
အဆွေးသမား ၉
ဖောက်ခဲ့ကြ
လျှောက်ခဲ့ကြ
ပျောက်ခဲ့ကြ
ထင်ရှားတာလဲရှိ၊ မထင်ရှားတာလဲရှိ(လမ်းတွေ)
အဆွေးသမားဟာ ဆွေးလို့
အတွေးသမားဟာ တွေးလို့
အငေးသမားဟာ ငေးလို့
ထမင်းတစ်နပ်စာမျှဖြစ်စေ
ဘ၀အပေါ် မြိန်ယှက်ဖို့ လိုရဲ့။
အဆွေးသမား ၁၀
တောမြိုင်သို့ ၀င်ပါအံ့
ခြုံနွယ်ဆူးရစ်တို့ ထူပါအံ့
ပေါက်ပြဲခြစ်ရာ ထင်ပါအံ့
အပြစ်မတင် ချစ်ချစ်ခင်ခင်ရယ်ကြရအောင်လေ။
အဆွေးသမား ၁၁
သွား ၃၂ လျှာ ၁
ဝါးသလောက် အရသာမသိ
စားကောင်းသော အသီး
မစားကောင်းသော အသီး
ဝမ်းမီးငြိမ်းပုံ မတူလေ။
အဆွေးသမား ၁၂
ပြောရင်း တိမ်ဝင်လာသော အသံများ
ပြေးရင်း တိုဝင်လာသော ခြေထောက်များ
စားရင်း ကျုံ့ဝင်လာသော အစာများ
ဘယ်ညာ လက်နှစ်ဖက်စလုံး မအားလပ်ကြ
အသက်ဇီဝလေးကို ယက်ယက်ပြီးကျင်ယူ
သူတင်ကိုယ်တင်ခေတ်ကြီးထဲ
ကိုယ်ကမတင်သောအခါ သူချည်းတင်လေသတည်း။
အဆွေးသမား ၁၃
စိမ်း
ပြာ
မှောင်
ညို
ရောင်
သန်း
အရိပ်အယောင်များ လမ်းသလားကြရာ
ဘ၀တိုတို ၀င်္ကပါ
ငါတို့ ယောင်ချာချာ။
အဆွေးသမား ၁၄
စားတယ် သောက်တယ်
ယဉ်ယဉ်ကျေးကျေး
ပညာရှာတယ် ငွေရှာတယ်
ယဉ်ယဉ်ကျေးကျေး
တွန်းတယ် တိုက်တယ်
ယဉ်ယဉ်ကျေးကျေး
ကြာသော်
သိပ္ပံနည်းကျဘာသာရပ်များ တိုးပွားလာ
ယဉ်ယဉ်ကျေးကျေး ဟူ သ တတ်။
အဆွေးသမား ၁၅
၁
မီးခြစ်ယူပါ
၂
ခြစ်ပါ
၃
မီးတောက်ပါစေ
၎
မတောက်ရင် တောက်အောင်ခြစ်ပါ
၅
ထိုမီးခြစ်သည် ကောင်းပါစေ
၆
မကောင်းသော် လဲရန်ပြင်ရန် ၀န်လေးခြင်း မရှိပါစေ
၇
မီးတောက်မှ ပြီးမြောက်မယ်။
အဆွေးသမား ၁၆
ဧယင်ကျူးကို ဧယင်ကျူးလိုငိုမည်
နတ်ဒိုးကို နတ်ဒိုးလိုဆိုမည်
တချို့ချိန်ခါငို တချို့ချိန်ခါမြူး
ရယ်သောအခါ အသံထွက်ပါစေ
လူသည်ကား တစ်ယောက်တည်း။
အဆွေးသမား ၁၇
မှောင်ကြီးမဲမဲ
ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲပြီး
ရသလောက် သဲ့ယူခဲ့တယ်
‘အလင်းရောင်’
အဆွေးသမား ၁၈
နျူကလီးယားမှိုပွင့်ဟာ
ဂေါ်ဖီပန်းလောက် မလှပါ
မျက်ရည်တွေ သိမ်းဆည်းဖို့
နှလုံးအိမ်သည် နူးညံ့ဖို့လို
အမြောက်ဆံ ကျည်အခွံများ ဘုရားပန်းဝေေ၀ဆာ
ကမ္ဘာအသစ်မှာ
(ကျွန်ုပ်တို့) ဆွေးဖွယ်တေးများ မသီတော့ပါ။
အဆွေးသမား ၁၉
ကွင်းအစပ်မှာ လေတဟူးဟူး
ပင်အပ်ကလေးများ ရနံ့မှာပျော်ဝင်
ညောင်းညာကိုက်ခဲ ဘူတာအိုများ
ခရီးဆက်လက်ထွက်ခွာ
လက်ပြလိုသည်ဖြစ်စေ လက်မပြလိုသည်ဖြစ်စေ
လက်ပြ!
Ok?
ညိမ်းညို
17 comments:
အဆွေးသမားကြီး exam အခြေအနေ
မီးတောက်မှ ပြီးမြောက်မယ်နော် :P
နတ်ဒိုးလိုမမြူးဘဲ ငိုနေရဦးမယ် :D
ကေအို ကဗျာတွေ အများကြီးဆက်ရေးနိုင်ပါစေ...
ကောင်းလိုက်တဲ့ ကဗျာတွေ...
အဆွေးသမား ၆.၈.၁၅.၁၆ ကို ပို ကြိုက်တယ်ဗျာ။
း)
ရွှီးးးးးးး ဖြောင်းဖြောင်းဖြောင်း နယ်ရေ လက်ခေါက်မှုတ်ပြီး လက်ခုပ်တီးတယ် :)
ကောင်းသောနေ့ပါ နယ်ရေ :)
ok ဗျာကိုညိမ်း ...
လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါရဲ့ .......
ဘိုညိမ်း
OK
မည့်သို့ မည်ပုံ ရေးလိုက်သည်မသိ ကဗျာကောင်းများ အတွဲလိုက် ဖတ်လိုက်ရလေသည်လို့  ဆိုရမလို ဖြစ်နေပြီဗျ ကိုညိမ်း ။ ရိုးသားစွာ လေးစား အားကျမိပါတယ် ။
ခေါင်းစင်နဲ့ စာသားတွေ ဘယ်လိုဆက်စပ်လဲ သေချာ မသိဘူး။ အင်းလေး ခေါင်းစင်တစ်ခုအောင်မှာ ကြိုက်သလို လုပ်ရှားနေတတ်ကြတဲ့ သဘောတွေထင်ပါ့ :P နဲနဲမူးသွားတယ် :D
တဂိုးရဲ့ ကဗျာတို၊ စာတိုလေးတွေ ဖတ်ရသလိုပဲ...
နောက်ဆုံးတော့လဲ ခင်ဗျားပြန်လာပြီပဲ။ ၇၀ပြည့်လွန်နှစ်များကို သတိရတယ်။ သစ်ရွက်ကြွေများ ကို သတိရတယ်။ ဒါပါပဲ။
အဆွေးသမား၃ က “သွားရမည့် ခရီးကားဝေးသေး၏” လို့ထင်တယ်။ ခင်ဗျားပို့ပေးတဲ့ ဖေဖော်ဝါရီ ၀၄ မဟေသီထဲက ဆရာမောင်ခိုင်လတ်ဆောင်းပါးမှာလဲပါတယ်။ တချက် ချက်က်လုပ်လိုက်ပါ။ ကျနော်လဲ အဲဒီစာသားလေး ကြိုက်လို့ ကဗျာထဲထည့်ရေးမိသေးတယ်။ ခင်ဗျား ပို့ပေးလိုက်တဲ့ လွန်ခဲ့တဲ့ တနှစ်ကျော်ကပေါ့။
အဆွေးသမားတွေ ဖွဲ့ စည်းထားတာ အရမ်းလှတယ်။
ချီးကျူးလို့  မကုန်...
ကိုညိုထက်>အကိုကြီးရေ ကျေးဇူးဗျ
ကျနော်လည်း စာသားသေချာကွဲအောင်မမှတ်မိတာမို့၊ ရှာကြည့်ပါတယ်။ မိုးမခကဆောင်းပါးတပုဒ်မှာ သုံးထားတာတွေ့တော့ အဲဒါကို တည်လိုက်မိတယ်။ ပြင်လိုက်ပီဗျ
လက်ပြလိုသည်ဖြစ်စေ လက်မပြလိုသည်ဖြစ်စေ
လက်ပြ!
Ok?
ဟုတ်ကဲ့ လက်ပြပါတယ်........OK!
လက်တော့ မပေးခိုင်းပါနဲ့ :D :P
အဆွေးသမား ၁ က ရင်ဘတ်တည့်တည့်မှန်တယ် ကိုညိမ်းရေ . . .
အရှည်ကြီးပဲ .. ဖတ်ရတာ အားရတယ် ..
အားကောင်းတယ် ...
၈ နဲ့ ၉ ကို အကြိုက်ဆုံးပဲ
Post a Comment