တောင်ကုန်းလေးပေါ်က
လိမ့်ကျလာတဲ့ သစ်သီးမို့
ဒဏ်ရာတွေ ပါမယ်
အနာအဆာတွေ ပါမယ်
စင်းရာခြစ်ရာတွေ ပါမယ်
အကြည့်ရတော့ နည်းနည်းဆိုးတာပေါ့ကွယ်
ဒါပေမဲ့လေ
သစ်သီးတစ်လုံးရဲ့
ချိုမြိန်ရွှမ်းမြတဲ့ အရည်အသွေးကိုဖြင့်
သူက နေရာမရွေး အချိန်မရွေး
ထွေးအန်ပေးပါ့မယ်တဲ့ကွယ်။
ညိမ်းညို
img link
20 March 2009
တောင်ကုန်းလေးပေါ်က လိမ့်ကျလာတဲ့ သစ်သီး
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
18 comments:
အနာအဆာတွေ စင်းရာခြစ်ရာတွေပါတဲ့သစ်သီးဆိုရင် မစားချင်ဘူး သစ်သီးဆိုလည်း လှမှ ချစ်သူဆိုလည်း ၀မှ အဟီး ... :P
ကဲ... လှမှတဲ့ ကဗျာဆရာရေ...
တိုတိုလေးနဲ့ ရင်ထဲရောက်တယ်ဟ :)
ကဗျာလေးက လှတ ၀တ လေးဗျာ ၊ ကောင်း၏ ။
အစကတော့မြည်းစမ်းကြည့်မလားလို့ မမြည်းတော့ဘူးနယ်ရေ ကစ်ခံထိမှာစိုးလို့ :)
အဟုတ်ပဲနော သစ်သီးလေးက လှတ ၀တ လေးဆိုတာ :)
ကောင်းသောနေ့ဗျာ ထရမ်ဗိုက်ပေါ်ကပြုတ်ကျရင်တော့
ဘယ်လိုနေမယ်မသိဘူး :P
လှတဝတလေးဆိုတာ အမှန်ဘဲလား ညီလေးရေ...
ကဗျာလေးကတော့ လိမ့်ကျလာထက် သစ်သီးထက် ပိုချိုတယ်..
အနာအဆာ အစင်းရာတွေပါလား အရသာက မပျက်ပါလား .. ကောင်းလိုက်တဲ့ အတွေး
ကောင်းလိုက်တဲ့ အရေး .. ဆရာရေ .. လေးစားတယ်ဗျာ
ပြောသွားပြီ
ချစ်သူဆိုလည်းဝမှတဲ့ ...
ထမင်းသုံးနပ်က လေးနပ်ပြောင်းကိုညိမ်းရာ :)
ကျုပ်ဆရာ ၀ ပါတယ်ဗျာ..
သစ်သီး.......
ပေးချင်တာ...
သစ်သီးပေးနိုင်တာလေးကို...
မုဒိတာပွားနိုင်ဖို့
ရောင့်ရဲတင်းတိမ်နိုင်ဖို့..လိုတာပေါ့နော်..
အတွေးရော....
အရေးပါ..ကောင်းလိုက်တာ...
အတွေးကောင်းတယ်
ဘာသီးလဲ .. ဘာသီးလဲ . .
ဆူးတွေနဲ့ အခွံမာသလား ... အခွံထူထူ အရည်ရွှမ်းရွှမ်းလား .. အခွံပါးပါး အသားမာမာလား ..
စားကောင်းမှာပါ..
ဘာပဲဖြစ်ဖြစ် သူဟာ 'သစ်သီး'ပဲ
ကျောက်ခဲ မှ မဟုတ်တာ . ..
- - - - -
ကဗျာလေး သဘောကျလို့ ပြန်ရေးလိုက်တာပါ။
သစ်သီးတစ်လုံးရဲ့
ချိုမြိန်ရွှမ်းမြတဲ့ အရည်အသွေးကိုဖြင့်
သူက နေရာမရွေး အချိန်မရွေး
ထွေးအန်ပေးပါ့မယ်တဲ့ကွယ်။
အတွေးကောင်း--အရေးကောင်းပါလား--
ကဗျာဆရာရယ်---
တောင်ကုန်းလေးပေါ်ကလိမ့်ကျလာတဲ့သစ်သီးလေးဆိုမှ
တော့အနာအဆာတော့ပါမှာပဲ အဲလိုပဲနာကျင်မှုကရတဲ့
အတွေ့အကြုံတွေလည်းသူ့မှာရှိနေမှာပဲ။
ဈေးထဲမှာဆို အနာပါတဲ့အသီးက ပိုဈေးပေါတယ်း)
မှတ်ချက်တွေကြည့်လိုက်မှ သစ်သီးလေးက ၀၀လှလှ ဆိုပါလား
ချြိုမိန်တယ်ဆို ပြီးတာပါပဲ
ဒါမှမဟုတ်လည်း သကြားလေးထည့်ပြီး ဖျော်သောက်လို့ရပါတယ်လေ
တကယ် ၀ နေပီးလားအစ်ကို :P
ကဗျာလေးကကောင်းတယ်။
မဖတ်ရသေးတဲ့ကဗျာတွေလာဖတ်သွားတယ်--
ကဗျာရေးတာအရမ်းတော်တယ်-
အနုပညာ စံ --ကို တွေ့ရတယ်--
Post a Comment