မင်းချစ်သူက သွေးအေးတယ်ကွဲ့
သူ့မျက်ရည်ကို ဘယ်တော့မှ မြင်ရလိမ့်မယ်မဟုတ်ဘူး
မင်းက အလိုရှိတယ်ဆိုရင်တော့
ကန္တာရထဲကအပင်တောင် ပန်းပွင့်လာစေတဲ့အထိ
သူ့မျက်ရည်တွေနဲ့ သွန်းလောင်းပေးလိမ့်မယ်။
ညိမ်းညို
- ဖျားရင်းနာရင်းနဲ့ပဲ ဒီကဗျာလေးတွေကို ကျနော် ရေးဖြစ်ခဲ့ပါတယ်။ ဘာကိုမှ မရည်ရွယ်သလို ဘာကိုမှလည်း မရည်ညွှန်းပါဘူး။ ကဗျာနဲ့ပတ်သက်ရင် လောဘကြီးတတ်တဲ့ကျနော် ရလာသမျှကို စုဆောင်းသိုဝှက်လိုက်တယ်ပဲ ဆိုပါတော့။
13 comments:
ကဗျာလေးကကောင်းလိုက်တာကေ လည်းကဗျာတွေချစ်တတ်နေပီကဗျာဆရာ..: :)
ကဗျာဆရာကမာနကြီးလိုက်တာ..အားလုံးအဆင်ပြေပျော်ရွှင်
ချမ်းမြေ့ ပါစေ..။
သွေးအေးတဲ့မိန်းမ.
မာနကြီးတဲ့မိန်းမ
ဘာပဲဖြစ်ဖြစ်..အချစ်နဲ့
တွေ့ရင်တော့..
?????????
ကဗျာလာဖတ်သွားတယ်ညိမ်းညိုရေ..
ညိမ်းညို..
လွမ်းဖျားဖျားနေတာတော့
မဟုတ်လောက်ပါဘူးနော်..
အမြန်ဆုံးနေကောင်းပါစေ
ဆုတောင်းပေးလိုက်ပါတယ်
နေမကောင်းဘူးလားဗျဘိုညိမ်း၊ ကျမ်းမာရေးဂရုစိုက်ဗျ၊ရာသီဥတုက အေးလာပြီ၊ လောဘတစ်ကြီးနဲ့ကဗျာတွေ စုဆောင်းသိုဝှက်ထားတာများ အားရစရာပါပဲခင်ဗျာ ။
သွေးအေးတဲ့ ချစ်သူတွေကအချစ်ကြီးတယ်..။
အချစ်ကြီးတဲ့သူတွေကလည်းအမျက်ကြီးတယ်..။
ကျန်းမာရေးတော့ဂရုစိုက်နော်...။
တိမ်ညိုရာသီတွေကုန်ဆုံးပါစေ..။
၈ ပုဒ် စလုံး အကွက်ကျကျနဲ့လှတယ်ဗျာ
ဘိုညိမ်းရေ တိုတိုလေးနဲ့ကို ကောင်းတဲ့ကဗျာပဲဗျာ
ရွှင်လန်းချမ်းမြေ့ပါစေဗျာ ဖျားနေတာမသိလိုက်ရဘူး
သတင်းမမေးမိတာ ခွင့်လွတ်ပါဗျာ
စုဆောင်းထားတဲ့ ကဗျာတွေ ရေရေလည်လည် လန်းတယ်
အစ်ကိုရေ။ နေအမြန်ဆုံး ပြန်ကောင်းပါစေဗျာ။ ဆုတောင်း
ပေးပါတယ်။
ဖျားရင်နာရင်ရေးတဲ့ ကဗျာတွေကရှယ်ဘဲ..(၈)ပုဒ်လုံးကောင်းတယ်။
ညွှန်းချက်ကတော့ ကြောက်စရာတောင်ကောင်းပေါ့ ဆြာညိမ်းရ လျှော့လျှော့ :P
တိမ်ညိုရာသီကဗျာတွေကိုခံစားသွားတယ်...။
Post a Comment