မြစ်သင်္ချိုင်း
မြစ်အစင်းစင်းလေ
သူတို့ရဲ့လားရာအရပ်ဟာ
သူတို့ရဲ့သင်္ချိုင်းမြေဆိုတာ သိသိကြီးနဲ့
ယုံကြည်ချက် မီးတောက်ကိုယ်စီမွှေး
မသေဆေးတွေ မျိုမျိုချပြီး
သမိုင်းနံရံကို အဆက်မပြတ်ထွင်းဖောက်စီးဆင်းနေကြ
မြစ်တို့ရဲ့ ပင်လယ်ဆီ...။
ညိမ်းညို
30 August 2008
မြစ်သင်္ချိုင်း
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
14 comments:
ယုံကြည်ချက် မီးတောက်ကိုယ်စီမွှေးရင်တော့
မီးမလောင်အောင်တော့သတိထားရမယ်နော်
မြစ်ရဲ သ့င်္ချိုင်းပင်လယ်ဆီမရောက်ခင်ထိပေါ့..။
အရမ်းကိုကဗျာရေးကောင်းတဲ့ ကဗျာဆရာဘဲနော်..။
:)
ိမြစ်အစင်းစင်းဆိုတာ လူတွေရဲ့ ဘ၀ကိုပြောပြထားတာလား နောက်ဆုံးတော့ ပင်လယ်ကြီးကိုပေါ့ ကဗျာဆရာအတွေးမြင့်လို့  မမှီတမှီဖတ်သွားတယ် မသေဆေးတဲ့ စားချင်လိုက်တား)
နယ်ရေ နိပ်သဗျ :)
ဒီကဗျာလေးကို ကြိုက်လွန်းလို့ ၃ ခေါက်လောက် ဖတ်တယ် ။
ပင်လယ်သည် မြစ်တို့ မှ ရေကို လက်ခံခြင်း၌ တင်းတိမ်ရောင့်ရဲခြင်းမရှိ.။(လောကနိတိ) ဟီးဟီး
ဒါဟာ
မေခလား မလိခလား
ဧရာဝတီ လား သံလွင်လား
အဆက်မပြတ် စီးဆင်းခြင်းတွေနဲ့ အတူ
သမိုင်းတစ်ခုကို ထုဆစ်လို့ 
သူတို့ ရဲ့  သင်္ချိုင်း ပင်လယ်ပြင်ဆီ…..
ငါတို့ နိုင်ငံ သူရဲကောင်းတွေမှာတော့
သမိုင်းတစ်ခု ထုဆစ်တာချင်းအတူတူ
သူတို့ ရဲ့  သင်္ချိုင်း ထောင်နံရံဆီက
အရိုးတွန်သံတွေ မြည်ဟီးလို့ 
ဆက်လက် စီးဆင်းနေကြတယ်
ယုံကြည်ချက် လားရာဆီ…..
ကိုညိမ်းညိုခင်ဗျာ...
အစ်ကို့  ကဗျာအပေါ် ကျွန်တော်ခံစားမိသလို ပြန်ရေးကြည့်တာပါ။ အမှားပါရင် ခွင့်လွှတ်ဗျာ။
မြစ်သင်္ချိုင်းကပင်လယ်ဆို..
ပင်လယ်သင်္ချိုင်းကရော.. :P
ဘိုညိမ်းရေ....
ကောင်းလိုက်တာဗျာ
ဖတ်ရတာ အားရှိသလိုပဲ...
ခင်ဗျားတို့က တော့ ရေးတိုင်းကို ဟုတ်နေတာပဲ
လိုက်မမှီဘူးဗျို့ ... အရမ်းကောင်းတယ်
ဘာပြောရမှန်းတောင်မသိတော့ဘူး ။
ကဗျာလေး ကောင်းတယ် ညီလေးရေ
ကျွန်တော်တို့ စီးဆင်း ခဲ့ကြ၊ စီးဆင်းနေဆဲပါ။ ဘယ်ကိုလဲ မသိဘူး။ အားပေးလျက်
ရဲဘော်ရဲဘက်ကြီး.. ဘိုညိမ်း
ချီတက်ကြစို့ ..ပင်လယ်ဆီ
ကဗျာထဲကိုသက်ဆင်းမိတယ်..။ကောင်းလွန်းတဲ့အရေး
ကောင်းလွန်းတဲ့အတွေး.....။
Post a Comment