11 July 2008

သက်ရှိသက်မဲ့

(က)
အသက်ရှိသေးရဲ့လား

ငါ သွားနေတယ်
ငှက်တွေရဲ့အတောင်ပံနဲ့ မရောက်နိုင်တဲ့အရပ်
ပင်လယ်ငါးတွေ မနေထိုင်နိုင်တဲ့အရပ်ကို
ငါစီးမဲ့ရထားနဲ့ လွဲမှာစိုးလို့
ငါနောက်ကျမှာစိုးလို့
ငါ ကတိဖျက်ရာ ရောက်မှာစိုးလို့
မကြာမကြာ ငါပြေးရတယ်
အစွမ်းကုန်သိမ်မွေ့တဲ့လူတွေ
သူတို့မှာရှိတဲ့ အကောင်းဆုံးအပေါ်အင်္ကျီတွေကို
လျှော်ဖွတ်ပြီးစ ရှပ်အင်္ကျီတွေရဲ့အပေါ်ကနေ ထပ်ဝတ်ချင်ကြလို့
ငါ့ကို ဆွဲခေါ်တယ် ဒရွတ်ဆွဲခေါ်တယ်
စာတစ်စောင်မှ လက်ခံမရကတည်းက
ငါ ဘာသတင်းကိုမှ မရတော့ဘူး
ငါ့ခန္ဓာဟာ ငြိမ်ငြိမ်သက်သက်လဲကျလို့
ငါ့မိတ်ဆွေ တခြားလိပ်ပြာတွေနဲ့အတူ
ပင်အပ်တစ်ချောင်းနဲ့ ထိုးစိုက်ခံထားရတယ်
ငါ အသက်ရှိသေးရဲ့လား။

(ခ)
အသက်မရှိတော့ဘူး

အိပ်ယာပေါ်က ပစ္စတို
တွေးတောဆင်ခြင်နေတဲ့ကြောင်
ကြိုးတစ်ချောင်းလို ပါးလျားတဲ့အရိပ်
ငါ့ဘ၀ကို ငါမေ့တယ်
ဘုရားသခင်ဟာ သူ့လူတွေကို မေ့သလိုပေါ့
သမ္မာကျမ်းကို
ငါစားချင်လိုက်တာ
ဘယ်သူများကျွေးပ
နံရံမှာ လိပ်ပြာတစ်ကောင်ကို
ငါ ပင်အပ်နဲ့စိုက်တွယ်ထားတယ်
ငါ့ရဲ့ပျော်ရွှင်ခြင်းကိုလဲ အဲသလို
ပင်အပ်နဲ့ စိုက်တွယ်ထားချင်တာမျိုး
ပြီးတော့..မီးတောက်လိုတောက်လောင်နေတဲ့
အရက်သောက်လိုစိတ်နဲ့
အရက်ကို ရေလိုသောက်ခဲ့တယ်
လူငယ်မျက်မမြင်တစ်ယောက်ရဲ့ အမှတ်ရစရာတွေများတဲ့
အေးစက်စက် ပျက်စီးနေတဲ့မျက်လုံးတွေ ငါလိုချင်တယ်
ငါရောက်ချင်နေတဲ့နေရာတွေအကြောင်းကို
ငါတွေးတောနေချင်လို့
တစ်ဝက်မူးနေတဲ့အပြုံးနဲ့
ငါ..နောက်ပြန်ကြည့်တဲ့အခါ
တောင်ကအုပ်မိုးနေတဲ့ ပင်လယ်ကိုတွေ့ရတယ်
(အဲဒါ ငါ့အမေရဲ့ ဂူသင်္ချိုင်းနေရာပဲ)
(ငါ့အမေနဲ့အတူ ပင်လယ်ခရုခွံတွေကောက်ခဲ့တယ်)
ငါ...နောက်ပြန်မကြည့်တော့ဘူး
ငါ...နောက်ပြန်မကြည့်တော့ဘူး
(ကျွန်တော်တို့လဲ မလွဲမသွေ သွားကြရမှာမို့
တခြားလူတွေကို ခွင့်ပြုလိုက်ကြပါစို့)
ငါ အသက်မရှိတော့ဘူး။

ညိမ်းညို

ဝန်ခံချက် ။ သက်ရှိသက်မဲ့၊ အသက်ရှိသေးရဲ့လား - ငါအသက်ရှိသေးရဲ့လား၊ အသက်မရှိတော့ဘူး - ငါ အသက် မရှိတော့ဘူး မှလွဲ၍ ကဗျာတစ်ပုဒ်လုံးကို ဆရာသစ္စာနီဘာသာပြန်ဆိုသော ဂျပန်ခေတ်ပေါ်ကဗျာအပုဒ် ၂၀ မှ စာသားများ၊ ၀ါကျများဖြင့် ရောစပ်ဖန်တီးပါသည်။(စီစဉ်တကျသဘောမျိုး ပေါင်းစပ်ခြင်းမဟုတ်ဘဲ အခြားသော အကြောင်းအရာသစ်တစ်ခု၊ ခံစားမှုအသစ်တစ်ခုဆီသို့ ရည်ညွှန်း၍ ရောစပ်ပါသည်)၀ါကျအထားအသို၊ ပါဒအဖြတ်အတောက်၊ ရှေ့နောက်ဝဲယာ လွတ်လပ်စွာ စီပါသည်။ ကိုရင်ညိန်း စတင်မိတ်ဆက်ပေးသော “မာစယ်ဒူးချမ့်” ရဲ့ “ရေပန်း” မှ သက်ရောက်သော အားတစ်ခုဖြင့် ဤကဗျာကို တင်ဆက်ပါသည်။

6 comments:

Unknown said...
This comment has been removed by the author.
Unknown said...

ငါအသက်ရှိသေးရဲ့ လားး
ငါအသက်မရှိတော့ဘူးးး
အမျိုးမျိုးဘဲ... :P :p
ကဗျာဆရာနော်.. :P

Layma said...

မနက်က တစ်ခေါက်ဖတ်တယ်
ခု ၂ခေါက်ဖတ်တယ်...
မလေးမ အတွက်တော့ ညိမ်းညိုရဲ့ ၀ှက်စာ ( ဘိုတင့်ပြောတဲ့ ၀ှက်စာ) တွေ မဖော်နိုင်တာ သိပ်မစမ်းတော့ပါဘူးလေ..။
တကယ်တော့ စာသားတွေက ရိုးရိုးရှင်းရှင်းပါပဲလေ..။
ရိုး၂မတွေးချင်တဲ့ သူအတွက်သာ ဆန်းနေတာ...။

SoeMoe said...

အစ်ကိုရေ..သက်ရှိနဲ့ သက်မဲ့အားပြိုင်ပွဲလား...
အစ်ကိုရေးတဲကဗျာတွေကိုလိုက်မမှီတော့ဘူး
ခဏခဏဖတ်ကြည့်မိတယ်...အရမ်းကောင်းတဲ့ကဗျာလေး ။

Mhaw Sayar said...

စောင်းနဲ့ တီးထားတဲ့ ဂျပန်တေးသွားတစ်ခုလိုပဲ.. ပင်အပ်တွေ၊ လိပ်ပြာတွေ မျက်လုံးထဲ၊ နားထဲကို ပါရောက်သွားတယ်.

သိပ်ကောင်းတယ်ညီရေ. :)

Unknown said...

တမျိုးဆန်းတဲ့ ကဗျာလေးပါပဲ..ရသစုံအောင်ပေးနိုင်တဲ့
ကဗျာဆရာကိုညိမ်းညို..
ဒီထက်ပိုလို့ အောင်မြင်ပါစေ။