ဓာတ်ပြုပုံမှာ
နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့
တစ်ကိုယ်လုံး ရွှေချနိုင်သူ။
ခမျာ
အမြဲစိမ်းတောကြီးဘေးမှာထားပြီး နွမ်းပါးရှာရဲ့
မေ့လောက်ပြီဆိုတော့မှ
အပင်ငယ်လေးတွေ ကျိုးတိုးကျဲတဲ အဖော်ပြုလာ
တစ်လျှောက်လုံးအထီးကျန်ခဲ့သူမို့
ယောင်ယောင်လေး အဖက်လုပ်ခံရတာကိုပဲ
သူ့မှာ ပျော်မဆုံးဖြစ်မိတာ။
ညိမ်းညို
နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့
တစ်ကိုယ်လုံး ရွှေချနိုင်သူ။
ခမျာ
အမြဲစိမ်းတောကြီးဘေးမှာထားပြီး နွမ်းပါးရှာရဲ့
မေ့လောက်ပြီဆိုတော့မှ
အပင်ငယ်လေးတွေ ကျိုးတိုးကျဲတဲ အဖော်ပြုလာ
တစ်လျှောက်လုံးအထီးကျန်ခဲ့သူမို့
ယောင်ယောင်လေး အဖက်လုပ်ခံရတာကိုပဲ
သူ့မှာ ပျော်မဆုံးဖြစ်မိတာ။
ညိမ်းညို
16 comments:
ကဗျာထဲ က တောင်ပူစာ လေးက သနားစရာ
ကဗျာလေးက ရင်နင့်စရာ ။
ဗထူးဘက်က တောင်ပူစာလေးတွေတောင် ပြေးမြင်မိသေး ။သူ့ နေရာ ၀င်ပြီးခံစားကြည့်လိုက်တော့ စိတ်မကောင်းစရာ ။
ကိုယ်ချင်းစာမိတယ်... ကိုယ့်ဘ၀နဲ့တူလို့...
ဟုတ်သားနော်။ ကဗျာလေးက ရိုးရိုးလေးလှနေတယ်
ကျနော်ကတော့ တောင်ပူစာ မဟုတ်ဘူးဗျ၊ ရေသေကျွန်း
တခုပဲဗျ...
“ဓာတ်ပြုပုံမှာ
နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့
တစ်ကိုယ်လုံး ရွှေချနိုင်သူ။”
ရောင်ရဲနိုင်တဲ့ တောင်ပူစာလေး...။
“တစ်လျှောက်လုံးအထီးကျန်ခဲ့သူမို့
ယောင်ယောင်လေး အဖက်လုပ်ခံရတာကိုပဲ
သူ့မှာ ပျော်မဆုံးဖြစ်မိတာ။”
သူလည်းလေ လောကီသားပေမို့....။
အင်း ကိုညိမ်းရေ နင့်နင့်နဲနဲ ခံစားရတယ်ဗျာ
ကျနော်နေပူစာလာလှုံမည်ဖြစ်ကြောင်းတောင်ပူစာအားအသိပေးအကြောင်းကြားပါသည် :P
ဆြာညိမ်း တောင်ပူစာငိုအောင် လုပ်နေပြန်ပီနော်။
TGRmg
တောင်ပူစာလေးတစ်လုံးရဲ့...အလွမ်းတွေနဲ့
ကဗျာလေးက လှလို့...
Post a Comment