5 May 2010

Meeting

လူစုံပြီ အသံစုံပြီ သောက်စရာခွက်လည်း ကိုယ်စီရကြပြီ
ဒါကြောင့် မီတင်စပြီ
“လောလောဆယ်တော့ ကျနော်မပါရင် ပွဲမစည်ဘူး”- ဆိုပြီး
အသံဟာ လှုပ်ရှားမှုထက်နောက်ကျပြီးကျန်ခဲ့၊

သဘာပတိထိုင်ခုံပေါ်
ဘာသာစကားဟာ မိန့်မိန့်ကြီးထိုင်လို့(၀ါ) ထိုင်မလို့၊

ခွက်များကိုယ်စီမြောက်လိုက်ကြပြီ
ဒီတစ်ခါတိုက်တဲ့ရှန်ပိန်က သိပ်ကောင်းတာပဲ..သိပ်ကောင်းတာပဲ
မီတင်တခါလုပ်တိုင်း ရှန်ပိန်အသစ်တွေအမြဲသောက်ရတယ်နော်…နော်..
မီတင်ဆိုတာလည်း နည်းနည်းလေးတော့ပွက်မှ... ဟော ခုဆို မီတင်ပီသသွားပြီ
အော် တခုကျန်ခဲ့လို့ သိပ်ကောင်းတဲ့ရှန်ပိန်ဟာ တရားလွန်တော့ မူးလေ့မရှိဘူး
ချီးယားစ်!!

ညိမ်းညို

1 comments:

နေ့ သစ် said...

အစ်ကိုကြီးရေ ...
သောက်တာလည်း သောက်ပေါ့
ဒါပင်မဲ့ ... သောက်ပေါ့ ... ။