27 May 2010

ကျွန်သင်္ဘော

စာတစ်လုံးက စာတစ်လုံးထဲကျွံကျသွား
ဝါကျတစ်ကြောင်းက ၀ါကျတစ်ကြောင်းထဲ နစ်ဝင်သွား
စာအုပ်တစ်အုပ်ကို စာအုပ်တစ်အုပ်လို ပြီးဆုံးချင်ခဲ့
သံသရာကြောင်း ရှည်းလျားခဲ့ပုံများ
စာအုပ်ဟာ ခုထိ အသက်ဝင်/ငင် နေပုံ
ငါတို့ ကြောင်တက်တက်ငေးနေကြပုံ
ကျွန်သင်္ဘောကြီး ခုတ်မောင်းရင်း
ဒီစာမျက်နှာပေါ်မှာ ငါတို့ အစဉ်အဆက် ရိုင်းခဲ့ကြတယ်။

ညိမ်းညို

2 comments:

johnmoeeain said...

သြော်...
အစဉ်အဆက် ရိုင်းခဲ့ကြပေမယ့်
ကိုယ်ရေးခွင့်ရတဲ့ ကိုယ့်သမိုင်းတော့
မရိုင်းစေချင်ဖူးကွယ်...
(ကိုယ် ရေးခွင့်မရတဲ့ ကိုယ့်သမိုင်းတော့ မပါဖူးပေါ့)

Eduking said...

နောက်ပိုင်းကဗျာတွေမှာ အကွေ့တွေတွေ့ခဲ့တယ်.. ကိုညိမ်း..