25 May 2010

တောအုပ်

“အများပြေးရင်လိုက်ပြေး
အများရပ်ရင်လိုက်ရပ်
အုတ်အရောရော ကျောက်အရောရော
အူသံတွေဆူညံနေမြဲ
မူဟန်တွေက ထူးမခြားနားပြာကလက်စိန်
အဲဒီခွေးအ,တွေနဲ့ အဆွေခင်ပွန်းမဖွဲ့လိုဘူး
ငါက နှစ်ရှည်လများ ဖန်တီးတည်ဆောက်ယူခဲ့ရတာ” တဲ့
တောအုပ်က ပြောတယ်။

“ဟေးးးး ခြင်္သေ့တွေလား
လာဟေ့ မင်းတို့ကို စောင့်နေတာ
တစ်ဦး တစ်ကောင် တစ်ယောက်ကအစ
နောက်လိုက်ပေါင်းများစွာပါသည်အထိ
ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ခိုင်မာပြင်းပြ
အများသဘောနဲ့လည်း လိုက်လျောညီထွေ
သွေဖီယိမ်းယိုင်ခြင်းလည်းကင်း
တင်းပြတ်ညွှတ်နူး ပေါင်းစည်းလှပ
ငါ့ရဲ့ အနားသတ်စည်းကိုဖြင့်
မင်းတို့ရဲ့အားနဲ့သာ
တသသမွှေးမြစေရော့ကွယ်” တဲ့
ဂုဏ်သိက္ခာရှိသောတောအုပ်က ပြောတယ်
မှန်တယ်
ခြေထောက်တွေမကျန်တော့လောက်အောင်ကို
ခြေစစ်ပွဲတွေ လိမ်ပိန်နေအောင်ကန်လာခဲ့ရတဲ့တောအုပ်က ပြောခြင်းဖြစ်တယ်။

ညိမ်းညို
၂၀၊ ၅၊ ၂၀၀၈

4 comments:

Maung Myo said...

ခြထောက်တွေမကျန်တော့လောက်အောင်ကို
ခြေစစ်ပွဲတွေ လိမ်ပိန်နေအောင်ကန်လာခဲ့ရ။

တောအုပ်က အဲ့လိုပြောတဲ့ စကားကို ခိုက်တယ် ဦးကြွက်ကြီး ဘာရေးရေး ကြွက်ကလေးက ခိုက်နေတော့တာပဲး)

မနုငယ် said...

ဆရာငြိမ်းရေ..ကောင်းလှပေကွဲ့
ကဗျာလေးက ..း)ပျော်ရွှင်ပါစေ

နေ့ သစ် said...

း)
ဆရာညိမ်းရေ ...
တစ်ခုခု ယူသွားနိုင်ခဲ့ပါတယ် ... ဒီကဗျာလေးကနေ
(သို့ မဟုတ်)
တစ်ခုခု ပေးဖို့ သိသွားခဲ့ပါတယ် ... ။

ညိမ်းညို said...

>မောင်မျိုး- ကြွက်ကလေးရေ မဆုံးနိုင်တဲ့ စက်ဝိုင်းကြီးထဲ တကျော့ပြန်ဝင်လာပေါ့ welcome :)

>မလင်းပြာ- ရှဲရှဲး)

>နေ့သစ်- တခုခုယူသွားနိုင်ရင် ညီလေးတော်လို့
တခုခုပေးဖို့သိသွားရင်တော့ မြန်မြန်လေး :P