15 May 2010

တေးရေးဆရာ

ကြည်နူးဖွယ်တေးတစ်ပုဒ်ကို
သင်က မျက်ရည်များနဲ့ဆိုတဲ့အခါ
အလွမ်းလို့ခေါ်ကြလိမ့်မယ်။

လွမ်းဆွတ်ဖွယ်တေးတစ်ပုဒ်ကို
သင်က ကြည်နူးမှုနဲ့ဆိုတဲ့အခါ
အချစ်လို့ခေါ်ကြလိမ့်မယ်။

ကြည်နူးလွမ်းဆွတ်ဖွယ်တေးတစ်ပုဒ်ကို
သင်က မေ့လျော့မှုနဲ့ဖုံးကွယ်တဲ့အခါ
အမုန်းလို့ခေါ်ကြလိမ့်မယ်။

အမုန်းတေးကို မဆိုစေလိုပါ
သင့်ကိုလည်း တားမြစ်ခြင်းငှာ မစွမ်းတဲ့အခါ
တေးရေးဆရာ(ငါ့)လက်ကိုသာ ဖြတ်ရပါတော့မယ်။

ညိမ်းညို

4 comments:

Unknown said...

ဒီကဗျာကိုသဘောကျတယ် ...

နေ့ သစ် said...

တစ်ခုခုကို ကြားလိုက်ရတယ်
တစ်ခုခု ပြောဖို့ လည်း ကျန်သေးတယ်
ဆူးစူးနေတယ်။

tsawtsaw said...

ဒီကဗျာကို
ကြိုက်တယ်
လာဖတ်သွားတယ်နော်
ကို ငြိမ်း..............

ShwunMi- said...

ရက်စက်ရဲလှချည်လား...