2 April 2010

ပျော်ယောင်ဆောင်သူတို့

ကြယ်တွေ ကြယ်တွေ
ရင်ခွဲပြပါရစေတဲ့
သူတို့ရင်ထဲက သိမ်ငယ်နာကျင်မှုကို
ဘယ်လိုတို့မြည်းရက်ပါ့မလဲ။

မိုးခေါ်လို့ မိုးမလာဘူး
ဆောင်းခေါ်လို့ ဆောင်းမလာဘူး
နွေခေါ်လို့ နွေမလာဘူး
သစ်ရွက်ကြွေလေးကအစ ပုန်ကန်တယ်။

မြေသားပြောင်ပြောင် တလင်းပြင်ထဲ
အတိတ်ကစမ်းစိုခဲ့မှုဟာ ပက်လက်။

လက်ယက်တွင်းကလေးပါပဲကွယ်
အကောင်းမြင်လိုက်ရုံနဲ့
ဘယ့်နှယ်လုပ် အ၀ိစိတွင်းကြီးဖြစ်သွားရမှာလဲ။

ပျော်ယောင်ဆောင်သူတို့
ပျော်ဖို့ အင်မတန်ခက်ခဲ့လေတယ်။

ညိမ်းညို

8 comments:

မနုငယ် said...

ခံစားချက်နဲ့ထပ်တူကျသွားလို့..လေးလေးနက်နက်ခံစားသွားပါတယ်ရှင်

Pie Min Swe said...

ကဗျာလေးက အေးအေးလေး ပျော်ချင်ယောင်ဆောင်လို့။
ကြိုက်မိတယ်။

ဇောင်း said...

ပျော်ယောင်ဆောင်သူတို့
ပျော်ဖို့ အင်မတန်ခက်ခဲ့လေတယ်။
=--------------------------------=
မှန်တယ်ဗျ၊ ကဗျာလေးကို ကြိုက်၏ :)


ZaunG

nannlaypyaenu said...

လက်ယက်တွင်းကလေးပါပဲကွယ်
အကောင်းမြင်လိုက်ရုံနဲ့
ဘယ့်နှယ်လုပ် အ၀ိစိတွင်းကြီးဖြစ်သွားရမှာလဲ။
ဟုတ်ပါ့ ကိုညိမ်းညိုရေ..
ဒါဟာ ပျော်ချင်ယောင်ဆောင်တာ စိတ်ကို လှည့်ဖြားရုံသက်သက်ပဲ မဟုတ်လား။

nannlaypyaenu said...

လက်ယက်တွင်းကလေးပါပဲကွယ်
အကောင်းမြင်လိုက်ရုံနဲ့
ဘယ့်နှယ်လုပ် အ၀ိစိတွင်းကြီးဖြစ်သွားရမှာလဲ။
ဟုတ်ပါ့ ကိုညိမ်းညိုရေ..
ဒါဟာ ပျော်ချင်ယောင်ဆောင်တာ စိတ်ကို လှည့်ဖြားရုံသက်သက်ပဲ မဟုတ်လား။

သက်ထွန်းညိမ်း said...

လာထား လာထား
ရောဂါး)
ငိုချင်ယောင်ဆောင်တဲ့သူကို
လက်တို့လိုက်မယ်း)

johnmoeeain said...

တစ်ခါ တစ်ခါ
ပျော်နိုင်ရက်နဲ့ မပျော်တဲ့အခါ
သစ်ရွက်ကြွေလေးတွေကိုတောင် မနာလိုဖြစ်တယ်...
ကျွန်တော်အမြဲ ဖြစ်တဲ့ ခံစားချက်တစ်ချို့ပေါ့... :D

jr.lwinoo said...

ပျော်ချင်ယောင်ဆောင်တဲ့သူတွေ ဂျူ့အနားမှာ ရှိတယ်။
နောက် ကိုယ်လဲ တခါတလေ ပျော်ချင်ယောင်ဆောင်မိတဲ့အခါတွေ ရှိတယ်။

အဲလိုအခါမျိုးတွေမှာ ဘယ်သူမှပျော်မနေဘူး။
သိပ်မှန်တာပဲ။