15 February 2010

တကိုယ်စာ

အိမ်အလွမ်းက
မျက်နှာကြက်မှာ စွဲလောင်နေတဲ့မီး
ညတွေကို ပိုမိုရှည်လျားစေခဲ့
အိမ်ရနံ့က
အခန်းထဲ တိုးဝင်နေတဲ့လေ
ကျွန်တော့်အဖျားသွေးကို တဒိတ်ဒိတ်တိုးစေခဲ့။

မိုးအညို့ မှာ
အိပ်တန်းပြန်ငှက်ကလေးတွေ ငေးရင်း
သီချင်းလေးတွေ ညည်းတတ်လာတယ်
မေမေရေ
ဒီတစ်ကြိမ်ပွင့်မယ့် ဥသြသံထဲ
ကျွန်တော့်နာမည် ပါပါရဲ့လား။

ညိမ်းညို

3 comments:

သက်ထွန်းညိမ်း said...

ငါတို့သောကတွေလောင်မြိုက်ခံဖို့
အိမ်ကတော့စောင်နေရှာရဲ့လေ
အိမ်ကိုလွမ်းတယ်ကွာ

လင်းဒီပ said...

အမေ့အိမ်က သစ်သားကုတင်နွမ်းနွမ်းလေး လွမ်းတယ်..။

johnmoeeain said...

ဘယ်လောက်ပဲ
ကောင်းကင်က အပြောကျယ်ကျယ်...
အိပ်တန်းပြန်တော့
တစ်ကိုယ်စာ ၀ပ်ကျင်းလေးပါပဲ...
ဒါပေမယ့်ကွယ်..
ဦးတည်ပျံသန်းခဲ့တာ
ကိုယ့်နာမည်လေး မှည့်ခေါ်ရာအရပ်နဲ့
ဝေး ဝေး လာခဲ့တဲ့အခါ...။