8 January 2010

ဂျုံရိုးဦးထုပ်လေးတွေ

တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကိုငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာ..။

ညိမ်းညို

Idea
အောက်တိုဘာ၊ ၂၀၀၉။

2 comments:

ShwunMi- said...

ကျေးဇူး

johnmoeeain said...

တစ်ခါ တစ်ခါတော့လည်း သဘာဝကိုတောင် မနာလိုဖြစ်မိတယ်... :( ဒီလိုပဲ ခံစားမိတယ်