29 December 2009

ထန်းပင်ကြီးတွေကိုလည်း ရင်ဖွင့်လို့ရတယ်ဆိုတဲ့အကြောင်း

ရေတစ်အိုး မိုးတစ်ပေါက်တဲ့
မိုးပေါက်ကလေးတစ်ပေါက်တစ်လေဟာလည်း သိပ်သဘာဝကျလှတာမို့
လွမ်းလောက်စရာကောင်းပါတယ်
နွေခေါင်ခေါင် ရေနစ်နေပုံများ
သောင်ပြင်ပေါ် နှာခေါင်းထိုးတင်မိပါတယ်ဆိုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ထူထူထပ်လွန်း
ဝှက်စရာမလိုတဲ့ လက်သည်းတွေဆိုပါမှ ၀ှက်စာတွေက များများနိုင်လွန်း
ရင်းထောင်ထောင် ပြောင်၊ ရင်းထောင်လှဲ မွဲလို့ဆိုကြတာပဲ
ကိုနမ်းရေ
ထောင်တုန်းကလည်း မပြောင်ခဲ့ရပါဘဲ လှဲတော့မှ မွဲချက်ကရက်စက်တယ်ကွာ
အသဲနှလုံးဓာတ်ပြားကို စူးကလေးခြစ်မိရုံရှိသေး
အလွမ်းအဆွေးဇာတ်ဝင်ခန်းတွေ လှိမ့်ဝင်လာတော့တာပဲ
ရွာသူမကြိုက်အောင် ဘာများလုပ်မိလို့
အသဲငယ်ပါတယ်ဆိုတဲ့အသဲကိုမှ ခေါစာပစ်ရပါလိမ့်ကွာ။

ပြီးခဲ့တဲ့တစ်နွေလုံးလုံး ထညက်(ထန်းလျက်)ချက်နေတာ မင်းသိမှာပေါ့
အခု
အဲဒီထညက်(ထန်းလျက်)တွေအားလုံး ငါ အရက်ချက်ပစ်လိုက်ပြီကွာ
မင်းလည်း မူးချင်ရင်လာခဲ့ပေါ့
သစ္စာရှိတဲ့ထန်းပင်ကြီးတွေက မင်းကိုမျှော်နေမှာ။

ညိမ်းညို

3 comments:

tin min htet said...

အညာဆန်ပါပေ့ဗျာ ..
ရွာသူက မကြိုက်ဖူးဆိုရင်၊ ထန်းပင်ကြီးတွေကို သစ္စာဖောက်မှာလား :)

မနုငယ် said...

ထန်းပင်ဆီမသွားပါနဲ့ ..တိုင်တွေလဲကောင်းပါတယ်

Nyo Htet Nyo said...

ြုကြိုက်တယ်ဗျာ။ တော်တော်ကြိုက်တယ်