17 November 2009

ဝဋ်ကောင်

ဝဋ်ကောင်

မကောင်းတဲ့အကြောင်းရှိခဲ့လို့
မကောင်းတဲ့အကျိုးရတယ်လို့ မှတ်ပါတယ်
အသံတစ်ခုရဲ့ စွဲလမ်းမှုမှာတောင်
ကျနော် ငရဲကျနေပြီအမေ။

အမေ့လည်ပင်းခိုပြီး တခါလောက်ငိုခွင့်ရရချင်တယ်ဗျာ
အရမ်းပူလောင်တယ်အမေရယ်
ကျနော်က ကန်ရေပြင်ပါ
ပင်လယ်ထဲကျတဲ့မုန်တိုင်းမျိုးမှ ဘာလို့လာတိုက်ရတာလဲ။

လုပ်ရဲတာသတ္တိမဟုတ်ဘူး ခံရဲတာသတ္တိဆို
ကျနော်ဘယ်အထိခံရဦးမှာလဲ
အကျေခံပါ့မယ်အမေရယ်
မမြင်ရတဲ့ဝဋ်ကြွေးတွေအတွက်ရော ပြုမှားမိတာတွေအတွက်ရော
ကျနော်ကျေအောင်ခံပါ့မယ်
ပြုသူအသစ်မဖြစ်ချင်ပါဘူး ဖြစ်သူအဟောင်းပဲဖြစ်ပါစေတော့
ကျနော် ကျေအောင်ဆပ်ပါ့မယ်
မီးလောင်နေတဲ့ရင်ခွင်တစ်ခုက တချိန်မှာ လူအများကိုအေးရိပ်ပေးနိုင်ချင်ပါသေးတယ်
လောင်နေတဲ့မီးတွေကို မငြှိမ်းလိုက်ပါနဲ့ဗျာ
ကျနော်ကျေအောင် ဆပ်ပါ့မယ်။

ညိမ်းညို

5 comments:

Unknown said...

ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်..

နွေညို said...

ကိုညိမ်း . . . အဆင်ပြေရဲ့လားဗျို့
ကဗျာထဲမှာ နာကျင်သံတွေပါနေတယ်နော......
လာခံစားသွားပါတယ်

နွေညို said...

ကိုညိမ်း . . . ကိုယ်ချင်းစာတယ်. . . တရားလေးဘာလေးထိုင်ဗျာ.. စိတ်ငြိမ်အောင်

မင်းကျန်စစ်။ said...

ဆြာညိမ်း ဒီကဗျာက ခပ်ဆတ်ဆတ်လေး ထိတယ်ဗျ။
ညစ်နေတယ်ဆိုရင် ပြေပါစေဗျာ။
TGRmg

GreenGirl said...

တစ်ခုတော့ သတိထားမိတယ်။ တိုက်ဆိုင်တာ ဖြစ်ပါစေနော်။ အေးချမ်းပျော်ရွှင်ပါစေး)