25 September 2009

ဘူးလုံးနားမထွင်း

ငါ့သူငယ်ချင်းအောင်ကျော်မင်းလည်း ဖဲမရိုက်တော့ဘူး
စကားလုံးတွေ ကုလားဖန်ထိုးနေတော့ရဲ့
အားယားနေရင် ရေချိုးလိုက်
နည်းနည်းတော့ လန်းသွားမှာပဲ
မှန်တယ် မတုတ် မာလာတယော
(မုန်တိုင်းကို ခဏမေ့ထားမယ်)
သတ်ဒ်တီတူး(32)ကိုင်မယ်ဆိုတော့ ၀ါးတီးပေါ့
လေးသုံးဆို မျက်နှာချင်းဆိုင်
သုံးနှစ်သားလေးရေမျောနေရင် လိုက်ဆယ်လိုက်
နေပြပြီး မီးဆိုက်လို့ရတယ်
ကြောက်တတ်ဝန်ကင်း
ကြောက် လွဲ၊ ရဲ မင်းဖြစ် ပေကညစ်က လာတာချည်းပဲ
ဇာခြင်ထောင် မီးလောင်ပေါက်ကယ်
မလာချင်ပေါင် ညည်းမောင်ကြောက်တယ်
ကဗျာစင်ထောင် ထီးပေါင်သောက်မယ်
မသာရ ဓားငှားရန်ရှိသည်
မသာရထား ငှားရန်ရှိသည်
ဥက္ကဌကြီး-ငှက္ကဌကြီး
ဒေ၀က ခြောက်ရာ့သုံးဆယ်(630) တဲ့
ရယ်ရတယ်နော်
ငယ်တုန်းက ဟာသဆိုတော့။

ညိမ်းညို

11 comments:

လင်းဒီပ said...

ရထားဖြစ်တယ် ခြောက်ငါးရိုက်ပေးပါ ထန်းခွဲလာပါပြီ ရောင်နီဘယ်မှာလဲ ဖားကိုင်ပေးပါ ရထား..ရထား ..ငါးခြောက် :P

လင်းဒီပ said...

စံပယ်ပေါ်တင်ပေးပါ...။

ATN said...

ကောင်းတယ်ကွာ...
မာလာတယော...
အသံ ၅ ကြားလိုက်တယ်...

Unknown said...

အသုံးတချို့ကို သိပ်မရင်းနှီးပေမယ့် ကြားဖူးနားဝတော့ရှိတယ် .... ငယ်ငယ်တုန်းကရွတ်နေကျကဗျာတွေလိုပေါ့ ရေထဲကျ ငါးပြေမ ... ငါပြေမကို ဒုတ်နဲ့ထိုး ... ငမွေထိုး ....

သဘောကျမိပါတယ် ...

ကြယ်ပြာ

Unknown said...

သို့ကလိုဆိုပြီးကား...အနေနဲ့က ဒီလိုဆိုပေမင့် နို့ ... ပြောရမယ်ဆိုရင် အဲဒမှာ ဆိုတော့ကာ... အင်း... ဟုတ်ပေသည့် ဆိုထားစေဦးတော့..အင်း...အင်း...
ကဗျာကို ခံစားတယ် ဆိုစေကာမူ ဘူးလုံးနားမထွင်းဖြစ်စိမ့်သောငှာ ရည်ရွယ်လိုရင်းကား မဟုတ်လေသဖြင့် ဤကဗျာအား ခံစားသွားချေသည်တမုံ့.....။:)

Unknown said...
This comment has been removed by the author.
ShwunMi- said...

ဝေဒ ကလည်း ခြောက်ရာ့သုံး ပါ .. 603
ရေ ကတော့ ခြောက်ဆယ့်ခုနစ် ၆၇ .. တဲ့

ပေကညစ်က မလာချင်ပေါင် ညည်းမောင်ကြောက်တယ် လို့တောင် ထအော်ချင်နေပြီလားမသိ ..
သူနဲ့ချည်း ကိုင်ပေါက်နေကြလို့ ..

ကျောက်ချဉ်ယောင် မဆောင်တော့ပါဘူး ငှက္ကဌကြီး .. =)

က+ဗျာ+လှည်း said...

ရထားလား ရထားလား.. ရထားမဟုတ်ပါဘူး... မက်ထရိုပါ...။ :D ဖတ်ပြီးတော့ကြာပြီ။ ဒုတိယအကြိမ်ပေါ့ကွာ။

tin min htet said...

၅၇၇ ၅၆၇၇
ငါးရရ ငါးခြောက်ရရ ပို့ပေးပါ :)

လွမ်းသုရင် said...

သူဇာ လင်းယုန် ထန်းသီး တဲ့
ဘာလဲတော့ သေချာမသိဘူး
အဲ့ဒီလိုလည်း ကြားဖူးတယ် :)

လွမ်းသုရင် said...

"ညိမ်းညို: သူဇာ လင်းယုန် ထန်းသီးက အမမောင်လေး သိန်းလင်းထွန်းပေါ့ "

"သိန်းလင်းထက်" ပါ ငါ့မောင်ရယ်
သူငယ်ချင်းတွေနာမည်တောင် မှားကုန်ပြီ :)