3 September 2009

ကဗျာနဲ့တစ်သက်စာပြုစားခဲ့သူ အနုပညာစုန်းကြီး

"အဖေရေ . . .
ကမ္ဘာကျော်မြေပိုင်ရှင် . . . မရှိဘူး
ကမ္ဘာကျော်တိုင်းမင်းကြီး . . . မရှိဘူး
ကမ္ဘာကျော် စာရေးဆရာ ၊ ကဗျာဆရာရှိတယ်
အဖေရေ"

မောင်ချောနွယ်
မဟေသီမဂ္ဂဇင်း၊ ၁၉၉၅၊ ဖေဖော်ဝါရီမှ

လူကိုမမြင်ဖူးဘူး
အသံကို မကြားဖူးဘူး
ဒါပေမဲ့ ဦးကြီးဦးလေးတစ်ယောက်လို သဘောထားမိတယ်
ဆွေမျိုးရင်းချာတစ်ယောက်လို ချစ်မိတယ်
ဆရာချောကို ချစ်တဲ့အချစ်အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး
ဆရာချောရဲ့ကဗျာတွေကို ချစ်တဲ့အချစ်အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး
အပရည်ရွယ်ချက်များ ကင်းရှင်းစွာ ဆိုပါတယ်
ကျွန်တော့်ရဲ့ ကဗျာနတ်ဘုရား ဆရာချောကို လွမ်းလွမ်းဆွတ်ဆွတ် အောက်မေ့မိပါတယ်။

+++

ကိုယ့်မွေးနေ့မွေးရက်ကိုတောင်
မှတ်မှတ်ရရမရှိတတ်တဲ့ လူငယ်တစ်ယောက်ပါ
ဆရာချောရေ
ဒီကနေ့ ကျွန်တော့်စိတ်တွေ တစ်ဝက်လွှင့်ထူထားပါတယ်။

ညိမ်းညို

6 comments:

ADDRESSEE said...

ဖြစ်နိုင်ရင် သူ့မိသားစု ကို မုန့်ဘိုးပဲဘိုးလောက် ထောက်ပံ့ကြပါလား ကုန်းကောက်စရာတောင် မရှိတော့ဘူး ကဗျာဆရာကို မိသားစု တော်မိလို့လေ တကယ်ပြောနေတာပါ

စိုင်းလောဝ်ပိန်း said...

ကိုချောရေ... ကျွန်တော် ခံစားချက်ခြင်းတူနေပြီဗျာ။
ကိုကျော်ရေ... တစ်ခုခုလုပ်ဗျာ။ ကျွန်တော်တို့ တတ်နိုင်သလောက်ကူညီပါ့မယ်

ADDRESSEE said...

တစ်ခုခုတော့ လုပ်ခြင်နေတယ် သူများတွေလုပ်ရင်လဲ ၀င်ပါခြင်တယ် မောင်ချောနွယ် ရဲ့ စိုက်ထုတ်မှု ကို ကျွန်တော်တို့ ပြန်ပေးဆပ်ကြရအောင်

လင်းဒီပ said...

ဆရာချောကို ကိုယ်လည်း ချစ်သပေါ့..။

ဖြိုးငယ် said...

ဆရာချောရဲ့ကဗျာလေးတွေ အမှတ်တရ ပြန်တင်ပေးတဲ့
မောင်ညိမ်းညိုကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ..

kohan said...

ဆရာမောင်ချောနွယ်မိသားစု အတွက် ပိုက်ဆံ စုနေပါသည် ကျနော်မှ us 100 မဇာနည်ဇော်မှ us 50 ကိုထူးနောင်မှ us 50 စုစုပေါင်း us 200 ရရှိပီးဖြစ်ပါသည် ၊ ကဗျာဆရာ ကိုမိသားစုတော်မိသည့်အတွက် ဂုဏ်ယူစေချင်ရန် ရည်ရွယ်ပါသည် ၊ 00971502517533 သို့၎င်း hanz7997@gmail.com သို့၎င်း ဆက်သွယ်ကြပါ ၊ အောက်တိုဘာ 1 ရက်နေ့နောက်ဆုံးဖြစ်ပါသည် ၊ အောက်တိုဘာ ၅ရက်တွင် ပေးပို့ပါမည်...၊