28 August 2009

ပေးနိုင်တာနဲ့ မပေးနိုင်တာ

ပေးနိုင်တာပဲတောင်း
မပေးနိုင်တာ လာမတောင်းနဲ့
၂၅နှစ်သားတစ်ယောက်ရဲ့ လူငယ်စိတ်နဲ့ ရဲရင့်မှု
အရင်းအတိုင်း ပေးလိုက်မယ်
၅၂ နှစ်သားတစ်ယောက်ရဲ့ ရင့်ကျက်မှုမျိုး လာမတောင်းနဲ့
ဟန်လုပ်ပြီးပေးလိုက်ရင်
ခင်ဗျား အတုကြီးပဲ ရသွားမယ်
အဲဒါ ပိုဆိုးတယ်။

ညိမ်းညို

5 comments:

Unknown said...

ရှိတာ အကုန်ပေး :P
နယ်ရေ ကောင်းသောနေ့ဗျာ :)

mgngal said...

ဘယ်သူကဘာတွေတောင်းနေသလဲ မသိ ။ ပေးနိုင်တာတော့ ပေးလိုက်ပါဗျာ ။ ကဗျားလေး လက်တွေ့ကျတယ် ။

လင်းဒီပ said...

ဒေါသတွေ ကြီးနေပါလား...ဘယ်သူက ဘာတွေ တောင်းနေပါလိမ့်..။

ဖြိုးငယ် said...

မှန်တယ် .. တစ်ချို့ကလည်း အစစ်ပေးနေတာကို အတု ကိုမှ သဘောကျတက်ကြတယ် ..

Thargyi(Gyobingauk) said...

ကဗျာဆရာရယ်.. ဒီတပုဒ်ကတော့အရမ်းကိုထိတယ်ဗျာ.. ကျေးဇူးပါ..