24 June 2009

ငါးမန်းများ

ငါတို့ဟာ
မရည်ရွယ်ဘဲနဲ့ပဲဖြစ်ဖြစ်
တမင်တကာပဲဖြစ်ဖြစ်
သွေးထွက်သံယိုတွေ မဖြစ်သင့်ဘူး
မဖြစ်ကြရဘူး
ငါတို့ရဲ့သွေးညှီနံ့ကို
ရေညာရေအောက်က အနံ့ခံနေတဲ့
ငါးမန်းတွေ ရှိတယ်
သူတို့ဟာ
ချွန်ထက်တဲ့ သွားတွေနဲ့
ခိုင်မာတဲ့ မေးရိုးတွေနဲ့
သူတော်ချင်းချင်း သီတင်းလွေ့လွေ့တွေနဲ့
အနိဌာရုံတွေကို အစဉ်အမြဲ ငံ့လင့်နေတယ်
လူတွေမကျင်လည်တတ်တဲ့ အရပ်ဒေသမှာ နေခြင်းအားဖြင့်
အမြဲတမ်း တစ်ပန်းသာနေတယ်
လှိုင်းကြောက်လှေမှောက်ရင်တော့
အသက်ရောဘ၀ပါ ပျောက်မယ်
လှိုင်းထန်လေကြမ်း မုန်တိုင်းရမ်းလည်း
ထိန်းမတ်ပဲ့ကိုင် လှေကိုနိုင်ရင်တော့
ငါးမန်းများ လမ်းသလားရုံသာ။

သူတို့ဆူးတောင်ကိုမှ
ဟင်းချိုလုပ်သောက်နေသူတွေအတွက်တော့
ဒီကဗျာ ရီစရာပေါ့။

ညိမ်းညို

12 comments:

Unknown said...

ငါးမန်းများကိုလဲ သတိထား
exam လဲသတိထားပေါ့ ကဗျာဆရာ :P

mgngal said...

ထဲထဲဝင်ဝင် တွေးထင်ခံစားသွားတယ်ဗျ ကိုညိမ်း ။ ငါးမန်တောင် ဟင်းချိုမသောက်နိုင်ကြသေးတာခက်တယ် ။

အိုင်လွယ်ပန် said...

လှေကို
ထိန်းမတ် ပဲ့ကိုင်နိုင်အောင် ကြိုးစားရင်းက
ငါးမန်းတွေကို မရဲတရဲ ကြည့်ကြည့်နေမိပေါ့ အခါခါ ..
အဆင်ပြေပါစေကိုညိမ်းရေ ....

လင်းဒီပ said...

အန္တရာယ်ရှိတာကို ကြောက်အောင် ပြောပြီးတော့မှ လူပေါ်လူဇော် လုပ်တတ်တာလေးနဲ့ ပြန်ပိတ်လိုက်တော့ ပြုံးမိတယ်။

Mogok Thar said...

ကဗျာလေး လာဖတ်တယ် နယ်ရေ။
ငါးမန်းတောင် ဟင်းချိုလေးကလဲ ကောင်းမှ ကောင်း။

ရွှန်းမီ said...

ဟင်းချိုကသာ ရေရောလို့လွယ်တာ..
ကိုယ်တိုင်ဆိုရင် အသက်လုပြေးရမှာ ..
ကိုညိမ်းညို ပြောသလိုပဲ.. သတိထားမှ

Apprenticeship said...

အတော်ကောင်းတယ်။ ငါးမန်းတွေ အစကတည်းကကြောက်တယ်။ တကယ်တော့ ငါတို့ဘ၀တွေ ငါးမန်း ခံတွင်းဝရောက်နေသလို ခံစားရတယ် တခါတစ်လေတော့လေ..။ အမှားအယွင်းလုံးဝ မခံတဲ့ ခေတ်မှာ အတော်ကြောက်ဖို့ကောင်းပါတယ် :(

ဖြိုးငယ် said...

ငါ့ ဆရာကတော့ လုပ်ပြန်ပြီ ... ငါးမန်းတောင် ဟင်းချိုကိုတော့ ဝယ်ပဲသောက်တော့မယ် ..အန္တရာယ်ကင်းအောင်ပေါ့ ..

သက်ထွန်းညိမ်း said...

ငါးမန်းတွေ ငါးမန်းတွေ
တတိတိနဲ့ကိုက်စားလာတာ
ဒီနေရာလေးတောင်
ယဲ့ယဲ့လေးကျန်တော့တယ်း)

Unknown said...

မှန်လိုက်လေ ကဗျာဆရာရယ်................
ငါတို့ဟာ
မရည်ရွယ်ဘဲနဲ့ပဲဖြစ်ဖြစ်
တမင်တကာပဲဖြစ်ဖြစ်
သွေးထွက်သံယိုတွေ မဖြစ်သင့်ဘူး
မဖြစ်ကြရဘူး

ညီညွတ်ရေး..... တေးတပုဒ်လို့ မှတ်ယူလိုက်ပါတယ်။
လှိုင်းထန်လေကြမ်း မုန်တိုင်းရမ်းလည်း
ထိန်းမတ်ပဲ့ကိုင် လှေကိုနိုင်ရင်တော့
ငါးမန်းများ လမ်းသလားရုံသာ။

ကောင်းအောင် said...

လောလောဆယ်တော့... သွေးထွက်သံယိုမဖြစ်သေးပါ။
ငါးမန်းတောင်လား... ကြားဖူးနားဝတော့ ရှိပါတယ်... အဟတ်ဟတ်။

Layma said...

ငါးမန်းတွေ လမ်းသလားနေတဲ့ပုံ မြင်ယောင်ပြီး ရယ်ချင်နေပါတယ်ဆို ရှေ့ ဆုံးက ခိုင်ရဲ့ မှတ်ချက်
တွေ့ တော့ မပြုံးဘဲ ၀ါးလုံးကွဲရယ်မိတယ်..။