18 May 2009

ပျောက်ဆုံးနေသော တနင်္ဂနွေများ

စူပါဖရိုက်ဒေး တဲ့
စူပါဆန်းဒေး တဲ့
ငါလဲ တဟေးဟေးအော်ဟစ်
ပျော်ပစ်လိုက်ချင်တာပဲပေါ့
ကွယ်...
တနင်္ဂနွေကိုတောင် မပိုင်မှတော့
၇ ရက်တစ်ပတ်ဆိုတာကြီးကို
မျှော်မကြည့်ချင်တော့ဘူး။

ညိမ်းညို

8 comments:

Unknown said...

ပျောက်ဆုံးသွားတဲ့ တနင်္ဂနွေတွေကို ပြန်တွေ့နိုင်ပါစေလို့...

သက်ဝေ said...

အင်း... ဘဝတွေက တော်တော်တူပါတယ်...

စိုင်းလောဝ်ပိန်း said...

ကိုယ်ပိုင်တနင်္ဂနွေလေ အမြန်ပြန်ရပါစေဗျာ။

လင်းဒီပ said...

ဟိုတုန်းက တနင်္ဂနွေ ...
တခါပြန်ပြီး ရဖို့အရေး..
လာမယ့်တနင်္ဂနွေ တစ်ရာနှင့် လဲမလေ...
(ဘာမှမဆိုင်..အလွမ်းသီချင်းလေး ဆိုချင်လို့ ဆိုသွားသည်..။:)

ဖြိုးငယ် said...

ဟုတ်တယ်ဟေ့ ကညိမ်းညိုေ၇ ... ခံစားချက်တွေပေါက်ထွက်နေတယ်ထင်တယ် .. တင်းထား ...

ကြယ်ပြာ said...

ကဗျာလေးက တိုပေမယ့် ဖတ်လို့ အရသာရှိတယ် ... စကားမစပ် တနင်္ဂနွေတွေဘာလို့ပျောက်ကုန်တာလဲဟင် ...

Unknown said...

ဟုတ်ပါ့ဗျာ။ တခါတလေ ကိုယ့်ကိုယ်ကို လူလား စက်ရုပ်လား ပြန်မေးမိတယ်။

ထိပေ့သျှင် said...

တနင်္ဂနွေညနေဆို တန်းစီရမယ်လေ၊ ဟဲဟဲ