23 April 2009

မြိုင်ထကဗျာ

ဝါဒတစ်ခုမဟုတ်
ကြွေးကျော်သံမဟုတ်
နှလုံးသား အစီရင်ခံစာမဟုတ်
ရွှေနားတော်သွင်းဧချင်းမဟုတ်
ယိမ်းတိုက်နေတာ မဟုတ်
မှိန်းလိုက်နေတာ မဟုတ်
ထမင်းဖော်ဆေး မဟုတ်
ဟင်းဖော်ဆေး မဟုတ်
မဟုတ် မဟုတ် မဟုတ်...၊

မဟုတ်တာတွေ ခပ်များများနဲ့
ငါတို့ကဗျာတွေလည်း
ရုပ်နာမ်နှစ်ပါး ကွဲကွဲလာရဲ့
လူကလူ
ကဗျာကကဗျာ ဆိုလား၊

ကိုယ့်လက်ကိုယ်ဖြတ်
ကိုယ့်ကဗျာကိုယ် ပြန်မဖတ်ရဲတဲ့အဖြစ်မျိုး
ရင်တအုံလုံး ကျိုးတယ်၊

ခေတ်ကြီးကို အကျောပေးဖို့
ကဗျာတွေ အမောလုံဖို့လိုရဲ့
နောက်မြီးဆွဲများ မှောက်ပြီးလဲသွား
(ဒါ ငိုရတဲ့ ဟာသပဲ)

ရေချိုးရုံ သက်သက်နဲ့
ပင်လယ်ဆီ မလာကြဘူး
ဒီမှာ ငါတို့ရွက်လွှင့်ဖို့
ကဗျာတွေ လှိုင်လှိုင်တွေးကြစို့
ဒီမှာ ငါတို့ဆက်မြှင့်ဖို့
ကဗျာတွေ မြိုင်မြိုင်ရေးကြစို့၊

ဟေး…ဟေး…ဟေး
အခြောက်အလှန့်မခံနိုင်သော ငှက်ကလေးများ
ပျံကြပလေ့စေ
မိတ်ဆွေတို့
လတ်ဆတ် ကောက်ပဲသီးနှံများ
မြိန်မြိန် သုံးဆောင်ကြပါစို့။

ညိမ်းညို

15 comments:

Unknown said...

ကဗျာတွေမြိုင်မြိုင်ရေးနော်..ကဗျာဆရာအားပေးနေမယ်..
နော်..:)

Unknown said...

ကောက်ပဲသီးနှံတွေ သုံးဆောင်လိုက်ကြမယ် မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့နယ်ရေ နွေရာသီမှာ :) ကောင်းသောနေ့ပါနယ် :)

မယ့်ကိုး said...

'ဒီမှာ ငါတို့ရွက်လွှင့်ဖို့
ကဗျာတွေ လှိုင်လှိုင်တွေးကြစို့
ဒီမှာ ငါတို့ဆက်မြှင့်ဖို့
ကဗျာတွေ မြိုင်မြိုင်ရေးကြစို့၊"

ဟုတ်ကဲ့..ရေးသမျှ အကုန်ဖတ်လို့  အားပေးဦးမှာ :)

Mogok Thar said...

(ဒါ ငိုရတဲ့ ဟာသပဲ)

ဆက်သာရေး နယ်သားရေ....

သက်ထွန်းညိမ်း said...

ခေတ်ကြီးကို အကျောပေးဖို့
ကဗျာတွေ အမောလုံဖို့လိုရဲ့
ဒီမှာ ငါတို့ရွက်လွှင့်ဖို့
ကဗျာတွေ လှိုင်လှိုင်တွေးကြစို့
ဒီမှာ ငါတို့ဆက်မြှင့်ဖို့
ကဗျာတွေ မြိုင်မြိုင်ရေးကြစို့၊
ကြိုက်တယ်ဘိုညိမ်းရေ
တွေးရင်းနဲ့ထွက်လာလို့
တစ်ပုဒ်တင်လိုက်ပြီဗျာ ....

လင်းဒီပ said...

“ရေချိုးရုံ သက်သက်နဲ့
ပင်လယ်ဆီ မလာကြဘူး
ဒီမှာ ငါတို့ရွက်လွှင့်ဖို့
ကဗျာတွေ လှိုင်လှိုင်တွေးကြစို့
ဒီမှာ ငါတို့ဆက်မြှင့်ဖို့
ကဗျာတွေ မြိုင်မြိုင်ရေးကြစို့၊

ဟေး…ဟေး…ဟေး
အခြောက်အလှန့်မခံနိုင်သော ငှက်ကလေးများ
ပျံကြပလေ့စေ
မိတ်ဆွေတို့
လတ်ဆတ် ကောက်ပဲသီးနှံများ
မြိန်မြိန် သုံးဆောင်ကြပါစို့။”

ညီလေးရေ...ထောက်ခံတယ်ဟေ့ မြိုင်မြိုင်ရေးကြစို့..။

mgngal said...

အမောလုံပြီလားဗျ ကိုညိမ်း ။ ပြေးထား နောက်နားက ထက်ချပ်မကွာပါလာတဲ့ ခြေသံဟာ အနော်ပဲ ။ :D

Eaindra said...

မိတ်ဆွေတို့
လတ်ဆတ် ကောက်ပဲသီးနှံများ
မြိန်မြိန် သုံးဆောင်ကြပါစို့။

အတွေးတွေကလဲ..သစ်နေတယ်...
ရေးထားတဲ့စတိုင်က အရော ပေါ့..

နှစ်နှစ်ချိုက်ချိုက်ဖတ်သွားကြောင်း

အိန္ဒြာ

pandora said...

လန်းဆန်းတဲ့ အသုံးအနှုန်းတွေ သစ်လွင်တဲ့ အတွေးတွေနဲ့ မြိုင်ထကို လက်ခုတ်လက်ဝါးတီး အားပေးကြည့်ရှုသွားပါကြောင်း

ကဗျာဦး said...

"မြိုင်ထကဗျာ"
ကောင်းတယ်ရှင့်

လုလင်ငယ်သွေး said...

ကျွန်တော်တို့ သာ အခြောက်အလှန့် ခံနိုင်တဲ့ ငှက်ကလေးတွေမို့  လတ်ဆတ်တဲ့ ကောက်ပဲသီးနှံများကို စားသုံးကြပါစို့ ။

ဖြိုးငယ် said...

ငါလည်း မြိုင်ထ ချင်နေတာဟေ့ ..
ဒါပေမဲ့ စိတ်က ကြွပြီး လက်က မရဘူးဖြစ်နေတယ် ..

Nyo Htet Nyo said...

မြိုင်ထကဗျာ လာဖတ်သွားပါတယ် ညိမ်းညိုရေ...

Unknown said...

ယိမ်းတိုက်နေတာ မဟုတ်
မှိန်းလိုက်နေတာ မဟုတ်...။

တစ်ပုဒ်လုံး ဒီနေရာ အထိဆုံးပဲ...။

SoeMoe said...

ကိုယ့်လက်ကိုယ်ဖြတ်
ကိုယ့်ကဗျာကိုယ် ပြန်မဖတ်ရဲတဲ့အဖြစ်မျိုး
ရင်တအုံလုံး ကျိုးတယ်၊
ဒီနေရာလေးကထိတယ်..
ကဗျာတွေအများကြီးရေးဖွဲ့ နိုင်ပါစေ...။