11 March 2009

နွေဦးမီးတောက်













image link


နွေဦးမီးတောက်


အဝေးက ပလက်ဖောင်းလေးရေ
ငါ့အချစ်ရဆုံး သူကလေးရေ
ဟောဒီ ခံစစ်ကုန်း
ဟောဒီ ကတုတ်ကျင်း
ကွယ်... ဟောဒီ ၀ပ်ကျင်းလေးကအစ
ငါ့ရင်ဘတ်ကြီးတစ်ခုလုံးနဲ့
ကုန်းရုန်းပြီး တူးခဲ့တာပါကွဲ့
ဆူးညှောင့်မောင်းခလုတ်တွေ ဆင်မထားရရိုးပါကွယ်
လက်နက်ကြီးတွေမှ ပစ်ရက်ပလေတယ်ဟယ်
အလံဖြူလေး မီးစွဲလောင်ပြီကွယ်၊

ငါ့မှာ
စိမ့်စိမ့်ပြီး ရှက်ရပုံများ
တနွေဦးလုံး မီးခိုးတွေ အူလို့။

ညိမ်းညို

19 comments:

Unknown said...

အလံဖြူပြရင်တော့ ငြိမ်းချမ်းရေး ရသွားပြီပေါ့နော် :)

Unknown said...

နယ်ရေ စိမ့်စိမ့်ပြီးရှက်ရပုံများတဲ့လား ဘယ်လိုလေးလည်း
နွေကျောင်းပိတ်ရင်လာကြည့်မယ်နော :)
စကားလုံးလေးတွေနုရွနေတာပဲနယ်ရေ ရေးသမျှ ကြိုက်၏
ကောင်းသောနေ့နယ်ရေ :)

Apprenticeship said...

နွေဦးမီးတောက် နံ့က မကောင်းဘူး။ အဆင်ပြေသွားတာ ကောင်းတယ် :D

ATN said...

ကိုယ့်လူလည်း အတော် တောက်လောင်နေပုံရတယ် ...း)

mgngal said...

ငါ့မှာ
စိမ့်စိမ့်ပြီး ရှက်ရပုံများ
တနွေဦးလုံး မီးခိုးတွေ အူလို့။

အဲဒီတော့ စိမ့်စိမ့်ပြီး ထွက်တာပေါ့ အရှက်တွေက ။ဒါနဲ့  အရှက်တွေ စိမ့်ထွက်တာ ဘာလို့ မီးခိုးတွေ အူသတုန်း ။ :P

ရိုးမြင့်အောင် said...

ဟာ... ဒီကဗျာက ယမ်းနံ့မပြယ်သေးဘူး... အဟတ်ဟတ်...။

လင်းဒီပ said...

ဘယ်သူလဲကွ... အလံဖြူလေး မီးစွဲလောင်အောင်လုပ်တာ..:P

Anonymous said...

အေးဟယ်...သနားပါတယ်
ညည်းတို့ကလည်း နာ့အစ်ကို ...ကိုဂလိုလုပ်ကြပါနဲ့ဟယ် ။


(စတာ ...ပလောက်ဖောင်းလေး ဘာပြောလို့တုန်း စိတ်ကောက်နေကြတာလား....အော်...ကဗျာကို ကဗျာလိုပဲဖတ်လို့မှာထားတာ မေ့သွားတယ် )

MANORHARY said...

နွေဦးမီးတောက်ကိုဖတ်သွားပါတယ်
အလံဖြူလေးမီးစွဲနေတာကိုငေးရင်း........

GreenGirl said...

လှတပတ ကဗျာလေး ဖတ်ပြီး ပြုံးမိသွားတယ်...

ရွှန်းမီ said...

လက်နက်မရှိ ထောင်ချောက်မဆင်ဘဲ အလံဖြူက မီးလောင်သွားရင် . . . အင်း . .
တကယ်လို့ အလံဖြူဆိုတာ လူထက် အရေးကြီးနေရင်..
အလံဖြူအစား အူနေတဲ့ မီးခိုးတွေကြောင့် ပူလောင်သွားတယ်။

အိုင်လွယ်ပန် said...

အပိတ်လေးလှချက်ဗျာ .....

တင့်ထူးရွှေ said...

ရှက်လဲ ရှက်ရသေး ၊ မီးခိုးလဲ အူသေး ၊ သက်သာဝူး :P

မသက်ဇင် said...

ထူးခြားတဲ့ကဗျာလေးပါ---
အတွေးပွားစေပါတယ်--

Layma said...

အလံဖြူလေးလောင်သွားတော့ စွပ်ကျယ်ဖြူလေးချွတ်ပြီး အလံထောင်ပြလိုက်တယ်မဟုတ်လား..
ဒါကြောင့် ရှက်နေတာ..။ :P

လုလင်ငယ်သွေး said...

စကားလုံးလေးတွေ နုရွပါတယ်။ အလံဖြူလေး မီးလောင်ပြီကွယ် ဆိုတာလေး ကြိုက်တယ်။ စိမ့်စိမ့်တွေးပြီး ရှက်ရင် ပိုကောင်းမလား လို့ ပါ။

ဖြိုးငယ် said...

ဘယ်လိုပြောရမှန်းတောင် မသိဘူး ..
စိမ့်စိမ့်ပြီး ရှက်တက်တဲ့ကိုယ့်လူရေ ..

SoeMoe said...

အရမ်းကိုကောင်းတဲ့ ကဗျာလေးငြိမ်းချမ်းရေးရသွားပီလား
:P

t.saay.kaung said...

ိနူးညံ့လိုက်တာအစ်ကိုတော်ရာ။