21 February 2009

အားနာဖို့ကောင်းတယ်

ထိရင်လဲ ထိတယ်
ငြိရင်လဲ ငြိတယ်ပေါ့
ကျမ်းကြီးတစ်ဆဆနဲ့ ဟန်ရေးတပြပြ
အားနာဖို့ကောင်းတယ်။

ညစ်ရင်လဲ ညစ်တယ်
ရစ်ရင်လဲ ရစ်တယ်ပေါ့
အိနြေ္ဒကြီးတသသနဲ့ ၀ိနည်းကျော်ကျော်ခွ
အားနာဖို့ကောင်းတယ်။

တို့ချင်လဲ တို့လိုက်
ရှို့ချင်လဲ ရှို့လိုက်
မီးခြစ်ထထစမ်းနေတာက တဒုက္ခ
အားနာဖို့ကောင်းတယ်။

ဒီမယ် မောင်ညိမ်း
တွေးရင်လဲ တွေးတယ်
ရေးရင်လဲ ရေးတယ်ပေါ့
ကလောင်လေး မ,မပြီး
ဘ၀ကြီးကို လည်ပြန်လှည့်လှည့်ကြည့်နေရတာ
အားနာဖို့ကောင်းတယ်။

လျှင်တဲ့လူက လျှင်သလို
မြင်တဲ့လူက မြင်သလို
အစီးလဲခံရ အတီးလဲခံရ
ကိုယ့်အမြည်းကိုယ်တောင် သတိနဲ့ နှိုက်နှိုက်နေရ
(ဓာတ်လေတယ်)
ပလပ်ပေါက်ထဲ စီးဝင်လာတဲ့ကဗျာတွေ
ပြန်အန်မထုတ်ပါရစေနဲ့
ဟောဒီ ရင်ဘတ်ကြီးကို အားနာတယ်။

ညိမ်းညို

21 comments:

Unknown said...

ရင်ဘတ်ကြီးကို အားနာပြီး ကဗျာတွေချည်းပဲ ရေးမနေနဲ့
ကျောင်းစာလည်း ကြည့်ဦးနော် :)

Anonymous said...

အေးလေ ထိရင်လည်းထိတယ်
မထိရင်လည်း ဒိုင်ကိုပေးစားလိုက်ပေါ့း)

ဒီမှာ ဘိုညိမ်း ထိအောင် ဒီကနေလေးခွနဲ့ နဖူးတည့်တည့်ကိုပစ်လိုက်မယ် ဒိုင်ညှောင့် :P

Apprenticeship said...

ဟုတ်ပ့ါဗျာ.... အားနာတတ်ဖို့ကောင်းတယ် :P ကဗျာလေးကောင်းတယ်

လင်းဒီပ said...

ညီလေး အားနာစရာတွေ သိပ်များနေပြီလားဟေ့...

အိုင်လွယ်ပန် said...

အားးးးးးးးး .....

ကဗျာလေးကောင်းတယ်ကိုညိမ်းရေ ....

Unknown said...

ထိရင်လည်ထိတယ် ငြိရင်လည်းငြိတယ်ပေါ့နယ်ရေ
အတွေးလေး အတွေးလေး နော် အဲ့ဒီအတွေးလေး မိုက်တယ် :)
နယ်ရေ အားမနာနဲ့ ဟဟ ဆွဲသာဆွဲ ဆွဲသာဆွဲ :)

Kaung Kin Ko said...

အမြည်းတွေ ဘယ်သူ လာလာနှိုက်လို့ လဲညီ။ :D

ဖြိုးငယ် said...

အားနာရင် ခါးပါတက်တယ်တဲ့ ဘိုညိမ်း ..
ကြားဖူးတာနော် ..
ကဗျာကကောင်းတယ်ဗျာ .. ဖတ်ရမှာအားနာတယ် .. ဟတ်ဟတ်

Eduking said...

"ဓါတ်လေတယ်" လေးကိုမှ ဓါတ်တွေ့သွားတယ် ကိုကြီးညိမ်း..း) မပစ်ပေမယ့် ထိတယ်ဗျာ..

mgngal said...

ဒီမယ် မောင်ညိမ်း
တွေးရင်လဲ တွေးတယ်
ရေးရင်လဲ ရေးတယ်ပေါ့
ကလောင်လေး မ,မပြီး
ဘ၀ကြီးကို လည်ပြန်လှည့်လှည့်ကြည့်နေရတာ
အားနာဖို့ကောင်းတယ်။

ကြိုက်တယ်ဗျာ ။ ရေးသားဟန်လေး ။ ကဗျာတွေက မှော်ဝင်နေဆဲ ။ ကဗျာတွေ ကောင်းပြီသားဆိုတော့
ပြောရတာ အားနာတယ် ။း)

Anonymous said...

အားမနာတတ်တဲ့ ကောင်အတွက်... အားနာဖို့ကောင်းတယ် ဆိုတဲ့ကဗျာ ရေးသလား မောင်ညိမ်း။ :D ဘာပဲဖြစ်ဖြစ် ငါကတော့ အားမနာတတ်ဘူးကွ။ လူရှင်းတွေကိုး။ ကိုယ့်လူတွေပဲ။
:D :P :)

သက်ထွန်းညိမ်း said...

ကြိုက်တယ်ဗျာ...
ထိတယ်...

မင်းကျန်စစ်။ said...

နာတော့ ဒီကဗျာ ဘာလို့ ရေးလဲဆိုတာကို အားမနာ ပါးမနာနဲ့ကို သိသွားတယ် ဟိ ဟိဟိ ဟတ်ဟတ်ဟတ်
ဆြာညိမ်းရေ ဒီလိုပဲကွ စိတ်လျှော့ စိတ်လျှော့း)

SoeMoe said...

အစ်ကိုနေရာတိုင်းအားမနာနဲ့  :P

စိုင်းလောဝ်ပိန်း said...

ဘိုညိမ်းကို အားနာလို့ဗျာ...
တွေးရင်လည်း တွေးနေတယ်မလုပ်တော့ဘူး
ကြိုက်ရင်လည်း ကြိုက်နေတယ်မစဉ်းစားတော့ဘူး (ကဗျာကိုပြောပါတယ် ... အမြည်းမဟုတ်ဘူးနော်)
တစ်ခါတည်း comment၀င်ရေးခဲ့လိုက်တယ် :)

Anonymous said...

တယ်ဂွတ်ပါလားဟ

လွမ်းသုရင် said...

ကဗျာဥာဏ်နည်းတဲံ အစ်မကတော့ ကဗျာတွေကို ဘာသာမပြန်တတ်တိုင်း ကဗျာဆရာကို အားနာသွားတယ် :(

ကြယ်ပြာ said...

ဟား ... ဒါလဲမိုက်တယ် ...

emayarKhin said...

အားနားဖို့ကောင်းတာတွေဖတ်သွားတယ်အကိုရေ....

Mhaw Sayar said...

ကိုယ့်အမြည်းနဲ့ ကိုယ်တောင် သတိနဲ့ နှိုက်နှိုက်နေရ.

ကိုယ့်ခွက်နဲ့ ကိုယ်တောင် ဝှက်ဝှက်ပြီး မော့မော့ နေရ..

တယ်ခက်တဲ့ လောကကြီးပါလား ဘိုညိမ်းရေ.


ကဗျာ ဖတ်ရင်း အရှိန်မသေလို့ ထပ်ကွန့်သွားတယ်ညီ. :D

ကဗျာလေး မိုက်တယ်။

Layma said...

ဘိုညိမ်း ရင်ဘတ်ကြီးကို အားနာလို့  အားနာတဲ့ကွန်မန့် တွေ အားနာနာနဲ့  မရေးဘူးလို့  အားနာစွာ အသိပေးခဲ့တယ်..။ ဟီး.ဟီး..။ ဘယ်တုန်းကမှလဲ အားမနာခဲ့ဖူးပါဘူး..။