13 February 2009

ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့် ပစ္စုပ္ပန်)

မသိ၍ဆို
မလို၍ပြော။

သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန့်သဘော။

မသိ၍ထင်
မမြင်၍ပြော။

သူ့ဝိညာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ်စိတ်စော။

မင်းသုဝဏ်

11 comments:

ညိမ်းညို said...
This comment has been removed by the author.
Unknown said...

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကို ဗိုလ်ချုပ်မွေးနေ့မှာ အမှတ်တရ တင်ပေးတာ ကျေးဇူးနော် ကဗျာဆရာ

ရိုးမြင့်အောင် said...

အကြိုက်တူတာလား။ အကြံတူတာလား။ ငါလည်း ဒီကဗျာပဲ တင်လိုက်တယ် ဆြာညိမ်းရ...။ :D :)

pandora said...

အင်း
အနာဂတ် ကို ဆက်ရေးရမယ်

Anonymous said...

ကဗျာကောင်းလေး လာဖတ်တယ် အစ်ကိုရေ့ ဖွဲ့ဆိုပုံလေးကောင်းတယ်း)

Anonymous said...

ီဗိုလ်ချုပ်ကို အလေးအမြတ်ပြုသွားပါတယ်ဗျာ :)

Layma said...

ငြိမ်သက်စွာ ဖတ်ရှုသွားပါတယ် ဘိုညိမ်းရေ..။

လင်းဒီပ said...

ကျေးဇူးပါညီလေးရေ..ဆရာကြီး ကဗျာလေးဖတ်ရတာ..
ဒီတစ်ညလုံး ဘလောဂ့်တွေတိုင်းလိုလို
ဗိုလ်ချုပ် အကြောင်းတွေချည်း ဖတ်ရတာ
ကြည်နူး ဝမ်းနည်း ကြီးပါကွာ..

အိုင်လွယ်ပန် said...

အင်း
အကြိုက်ချင်းကတော့တူနေပြီဗျို့ .....

မေ့သမီး said...

ဒီကဗျာတစ်ခါမှမဖတ်ဖူးဘူး။ ကျေးဇူးတင်ပါတယ်။

SoeMoe said...

ဗိုလ်ချုပ်အောင်ဆန်းကဗျာလာဖတ်ပါတယ်..ကဗျာလေးက
တကယ်ကောင်းတယ်။