4 November 2008

မာနခဲ(၄)

သူကြီးသေနတ်လောကဓံရေ
မင်းက တွေ့ကရာ ချိန်,ချိန်နိုင်လွန်းတော့
ဂယ်ပေါက်မထားတတ်တဲ့ ငါ့မှာလည်း
ပြေးလမ်းတွေက နဲသထက် နဲနဲလာပေါ့ကွယ်။

ကိစ္စတော့ မရှိပါဘူး
ငါ့အသက် ၂၄
ပူဆွေးစရာတွေကို ဘေးမဲ့ပေးလိုက်ပြီ
မတရားမှုကို ဦးမခိုက်ချင်ဘူး
ကဗျာရေးတဲ့ လက်တစ်ဖက်နဲ့
ကန္တာရထဲက တိုးထွက်လာခဲ့မယ်
ဟောဒီ ငါ့ဝါသနာနဲ့
နောက်ထပ် ဆယ်ဘ၀မိုက်ဦးမယ်
ကဲ...ဘယ်သူလိုက်ဦးမလဲ။

ညိမ်းညို

9 comments:

Unknown said...

ကျွန်တော်လိုက်မယ်အကို ..:P

Unknown said...

ဒို့ လည်းလိုက်မယ်ချန်မထားနဲ့  ချစ်သူ့သွားတော့ပျင်းလှတယ်. :P

သက်ထွန်းညိမ်း said...

ကဗျာရေးတဲ့ လက်တစ်ဖက်နဲ့
ကန္တာရထဲက တိုးထွက်လာခဲ့မယ်
ကဗျာဆရာ ခေါ်ထိုက်ပါတယ်ဘိုညိမ်းရေ

မွန် said...
This comment has been removed by the author.
မွန် said...

မွန်တို့လဲလိုက်မှာပေါ့

Unknown said...

မာနခဲ(၅) ကိုလည်းဆက်လျှက်အားပေးနေပါတယ်..။
:)

SoeMoe said...

ပူဆွေးစရာတွေကိုဘေးမဲ့ပေးလိုက်ပြီလားအစ်ကို

Unknown said...

မေးနေစရာလိုသေးလားကွာ...။ လာ...။ အတူ ဆက်မိုက်ကြမယ်...။

Nyo Htet Nyo said...

မာယာကော့ဖ်စကီးကတော့ လူချောလူလှ ၂၂ နှစ်သား တဲ့။ ညိမ်းညိုကတော့ ၂၄…ဒီကဗျာလေးကြိုက်တယ်ဗျာ