30 October 2008

လက်လှမ်းမီရာ တိုက်စားလိုက်

လက်လှမ်းမီရာ တိုက်စားလိုက်

ရင်ဘတ်ထဲခွေနေတဲ့ မြွေပွေး
ထိပ်ပုတ်ခေါင်းပုတ် အကြိမ်တစ်သိန်း တုပ်တုပ်မလှုပ်
ဆိုတော့ ..
တခုခုဟာ တနေရာရာမှာ
အသေအချာကို မှားနေပြီ
ကျွန်တော့်ခတ်ချက်တွေ မမှန်တော့ဘူးဆို
ဘေးထွက်ပေးမယ်
ဝိုင်းသုံးလေးပတ်လည်ဖို့ ပိုအရေးကြီးတယ်
ဇာတ်လမ်းက အဲဒီမှာစတာပဲ
မိတ်ဆွေ..
စိတ်လက်ကြည်သာမှသာ လာခဲ့ပါ
ဒီမှာ...လက်လှမ်းမီရာတိုက်စားဖို့
ကျွန်တော်တို့ မိုးလင်းအောင်မစောင့်ကြတော့ဘူး။

ညိမ်းညို
သံလွင်အိပ်မက်(အတွဲ၂၊ အမှတ်၂)

11 comments:

Unknown said...

စိတ်လက်ကြည်သာပီ..လာခဲ့ မယ်နော်

thihanyein said...

ဘိုညိမ်းရေ ခင်ဗျားကဗျာတွေကိုစောင့်ဖတ်ရတာ အရသာရှိလှပါတယ်ဗျာ နေ့တိုင်းကျနော်စောင့်ဖတ်ဖြစ်တယ် ကောင်းတယ် ဘိုညိမ်းရေ စိတ်လက်ကြည်သာတဲ့အခါ တစ်ခေါက်ထပ်လာခဲ့ဦးမယ်ဗျာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ

တင့်ထူးရွှေ said...

ကိုယ့်ဆရာ ပျောက်ချက်သားကောင်းနေလို့ ၊ သံလွင်အိပ်မက်မှာပါကတည်းက ဖတ်ဖူးထားတယ် ၊ အခုလိုဘလော့မှာ ပြန်လည်ဖော်ပြပေးတာ ကျေးဇူးဗျ ၊
အဆင်ပြေပါစေ ကိုယ့်ဆရာ ရေ ။

Anonymous said...

အခုမှ ဘလော့မှာဖတ်ရတယ် ကျနော်လည်းပြောဖူးသား ဘလော့မှာပြန်တင်ပေးပါလို့  ကျေးဇူးအစ်ကို အဆင်ပြေပါစေ။

အိုင်လွယ်ပန် said...

ဝိုင်းသုံးလေးပတ်လည်ဖို့ပိုအရေးကြီးတယ်......
ကောင်းတယ်အစ်ကိုရာ.....
ပျော်ရွှင်ချမ်းမြေ့ပါသေအစ်ကိုရေ.....

Apprenticeship said...

ကဗျာလေးကောင်းတယ်..

ဖြိုးငယ် said...

ဒါကြောင့်လည်း ကိုယ့်ဆရာက နာမည်ကြီးတာကို

Chaos said...

ကဗျာလေး ဖတ်လို့ကောင်းတယ် အစ်ကိုရေ။

Layma said...

တိုက်တိုက်ဆိုင်ဆိုင်ပဲ..
ဒီနေ့  လေးမ နဲ့  ကိုးနတ်ရှင် စိတ်လက်ကြည်သာ သဟဇာတ တည့်လို့  လေးမ ဘလော့ဂ်တွေ လျှောက်လည်နေတယ်...။

Unknown said...

တခုခုဟာ တနေရာရာမှာ
အသေအချာကို မှားနေပြီ..
ဘာတွေလဲဟင် ?

SoeMoe said...

လက်လှမ်းမှီရာတိုက်စားလိုက်ပီနော်ပျော်ရွှင်ပ်စေအစ်ကိုရေ