16 October 2008

မှော်ဝင်စက္ကူ



၎င်းခေါ်ဆောင်ရာသို့ တိုးဝင်လေးဘက်တွား
တစ်စတစ်စ ပဲ့ကြွေချေးတက်သွား
ရဲဘိ စိတ်ဓားထက်ထက်များ၊

ရဲဘိ စိတ်ဓားထက်ထက်များ
တစ်စတစ်စ ပဲ့ကြွေချေးတက်သွား
၎င်းခေါ်ဆောင်ရာသို့ တိုးဝင်လေးဘက်တွား။

ညိမ်းညို

9 comments:

Unknown said...

ကဗျာလေးက ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ ဘယ်ကကြည့်ကြည့် ညာကကြည့်ကြည့် မှော်ဝင်စက္ကူလေးအတိုင်းဘဲ..
နော်..ကဗျာဆရာ

အိုင်လွယ်ပန် said...

မှော်ဝင်စက္ကူတဲ့လားအစ်ကို......
ရွတ်လို့ကောင်းတယ်ဗျာ.....

တင့်ထူးရွှေ said...

ရေးသွားတဲ့ပုံစံလေး ကြိုက်တယ်ဗျား၊ ဘေးနားမှာသာ ခင်ဗျားရှိနေရင် လက်ဆွဲနှုတ်ဆက်ပစ်လိုက်တယ် :)

ဖြိုးငယ် said...

ဒီကဗျာ ဆရာကတော့ အမျိုးမျိုးပဲဟေ့ .. ကောင်းလိုက်တာ

thihanyein said...

ဘိုညိမ်းရေ = ဆိုပြီးစဖတ်ကတည်းကနားလည်လိုက်ပြီဗျ
အစကတော့ နားမလည်တော့ကွန်မန်းဘယ်လိုပေးရမလဲမသိဘူး ခုမှသိလို့ပေးလိုက်တယ် ကဗျာကတော်တော်ကျယ်ပြန့်တာပဲဗျ တွေးရင်တွေးသလိုရတာပဲ အဟဲ ဘိုညိမ်းရေ အဆင်ပြေပါစေခင်ဗျာ

Layma said...

အပေါ်ပိုဒ်နဲ့ အောက်ပိုဒ် စာသားတွေတူပေမယ့်
အထားအသိုကြောင့် အဓိပါ.ယ် မတူဘူးလို့  ခံစားရတယ်။။

ညိမ်းညို said...

khine- ဂယ်ပြောတာလား :)

အိုက်လွယ်ပန်- ညီရေ ကျေးဇူး :)

တင့်ထူးရွှေ- ဘိုတင့်ကြီး လက်ဆွဲနှုတ်ဆက်ရုံဘဲလားဗျ
အသောက်ကလေးဘာလေး ပါတော့ဝူးလား :P

ဖြိုးငယ်- ကဖြိုးငယ်ရေ အဆင်ပြေတယ်ဟုတ် :)

thihanyein- ဘိုစိုင်းရေ ကျေးဇူးပါဗျာ

layma-ဤသို့ယူသော်လည်း ရကောင်း၏ပေါ့ အစ်မရေ ... :)
ဂရုတစိုက်နဲ့ ကွန့်မန့်ရေးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ....

SoeMoe said...

မှော်ဝင်စက္ကူဆိုတာဘယ်လိုမျိုးပါလိမ့်..ဟီးနားမလည်ဘူး

Unknown said...

တိုးဝင်လေးဘက်တွား..လေးဘက်တိုးဝင်တွား