16 September 2008

ကျိုးကျိုးနွံနွံ

ပြင်းပြင်းထန်ထန်ကြီး
တိုက်ခတ်လိုက်မှ မဟုတ်ပါဘူး
ညင်ညင်သာသာလေး တို့ထိလိုက်ရုံနဲ့
ရင်ခွင်တရိုး ညှိုးဖတ်နွမ်းရော်
ချစ်သူရယ်...
မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်...။

ညိမ်းညို

18 comments:

Unknown said...

ထိကရုန်းပင်လေးကို...
ကဗျာဆရာက.... :) :P

mgngal said...

ခဏပါ ပြီးရင် ပြန်လန်းလာပါလိမ့်မယ် ။

တင့်ထူးရွှေ said...

ထိကရုံးပင်ကြီး ၊ ကဗျာလေးက ချစ်စရာလေးဗျာ ..။

အိုင်လွယ်ပန် said...

ဟုတ်လှချည်လားကိုညိမ်းရ.....
ထိကရုန်းပင်ကကိုက်စားချင်စရာလေး......
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ......

Unknown said...

ကိုထိကရုန်းရယ်....
ညှိုးတော့ မညှိုးလိုက်ပါနဲ့...ဟေးးးး ဟေးးး
တို့ထိလိုက်ရုံနဲ့
ရင်ခွင်တရိုး ညှိုးဖတ်နွမ်းရော်
ချစ်သူရယ်...
မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်...။
ကောင်မလေးတော့ မသိ....
ကျုပ်တော့ ကြိုက်တယ်ဗျာ....

စိုင်းလောဝ်ပိန်း said...

ကဗျာဖတ်ပြီး ကျွန်တော့် ရင်ဘတ်လဲ နွမ်းနွမ်းဖတ်ဖတ်ဖြစ်သွားတယ်

SoeMoe said...

မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်..
အရမ်းမိုက်တယ်..
အချစ်ကဗျာလေးတွေထပ်လည်းရေးပါအုံးအစ်ကိုရေ...။

Anonymous said...

ထိကရုန်းပင်လေး ကိုလာကြည့်သွားတယ် အဆင်ပြေပါစေ ထိကရုန်းလေးရေ့း)

သက်ထွန်းညိမ်း said...

ကောင်းတယ်ဘိုညိမ်းရေ
ထိကရုန်းပင်လေးတဲ့လားဗျာ

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ် ညီလေးရေ

Apprenticeship said...

ထိကရုန်းပင်တဲ့လား.. အဆင်ပြေပါစေ..ဗျို့ :D

မင်းကျန်စစ်။ said...

သိပ်နုနေပါလား ဆြာညိမ်းရဲ့
ထိလိုက်တာနဲ့ ကွေးသွားတဲ့ ထိကွေး လေးပေါ့လေ ဟတ်ဟတ်

ထိပေ့သျှင် said...

ထိကရုံးပင်က တောက ကလေးတွေမှ သိတာဟ။ မြို့က ကလေးတွေ က မသိတော့ ခံစားတတ်ပါ့မလား၊ ဘာပဲ ပြောပြော ဒီကဗျာလေးကတော့ လူငယ်တွေ အကြားမှာ ရေပန်းစားလောက်တယ်။

Unknown said...

တကယ်ပါဘဲကဗျာလေးကနုဖတ်နေတာဘဲ...
ကဗျာဆရာကအချစ်နဲ ပါတ်သက်ရင်နူးညံ့တတ်တဲ့နှလုံးသားတစုံကိုကျိုးကျိုးနွံနွံနဲ့ 
ဖေါ်ပြလိုက်တဲ့ ကဗျာတပုဒ်ဘဲ..

Unknown said...

အရမ်းကောင်းတဲ့ ကဗျာလေးပါအဆင်ပြေပါစေရှင်။

ကလိုစေးထူး said...

ကိုညိမ်းညို ကဗျာကို ဖတ်ရတာ တော်တော် နုနေသကိုး။ :P

လင်းဦး(စိတ်ပညာ) said...

ကောင်းပြန်ပြီ ညီရေ။ ထိကရုန်းပင်လေးဖြစ်သွားတယ် ဆိုပြီး နှိုင်းရေးထားတာ ကောင်းလိုက်တာ

may said...

ကိုကထိကရုန်းပင်လေးဖြစ်သွားတယ်တဲ့ :P
ကဗျာလေးကတကယ်ကြွေတယ်