10 August 2008

သံတူကြောင်းကွဲ ဖျားနာမှု

အမှောင်ထဲ
မျက်လုံးများ
မီးစုန်းစုန်းတောက်
လူငယ်
အသွေးအားကောင်းကောင်း
အသက်ဓာတ်ပြင်းပြင်း
အမှန်တရားစစ်စစ်
အသက်ထက်ပိုချစ်ခဲ့ကြ
လက်မောင်းချင်းတိုက်ခဲ့ကြ
လက်ဖျံချင်းရိုက်ခဲ့ကြ
အရိုးအရိုးချင်း ခိုက်မိ
နှလုံးသည်းပွတ်ချင်း ဓာတ်လိုက်မိ
အဲဒါ လူငယ်
ရာဇ၀င်ထဲမှာ ထားခဲ့မိကြပေါ့
ဒီလိုနဲ့
နံရံ
မျက်နှာကြက်
ကြမ်းပြင်
အခန်းထဲ
နွယ်ရှင်တွေ
တမဟုတ်ချင်း အသက်ဝင်လာနေခဲ့
ခင်ဗျားတို့ ကျွန်တော်တို့
အလေအလွင့်လမ်းမတစ်လျှောက်
အဖိတ်အစင်များသော နေ့ရက်များ။

ညိမ်းညို

10 comments:

Unknown said...

ရာဇ၀င်ထဲကလူငယ်လေးအစစအရာရာအဆင်ပြေပါစေနော်
ကဗျာလေးတွေလဲပိုရေးနိုင်ပါစေ..။
အမြဲတမ်းအားပေးနေမယ်။
:) :)

မျှားပြာ said...

ခင်ဗျားတို့ ကျွန်တော်တို့
အလေအလွင့်လမ်းမတစ်လျှောက်
အဖိတ်အစင်များသော နေ့ရက်များ။

pandora said...

သံတူကြောင်းကွဲ အဖိတ်အစဉ်တွေ ဟောဒီလက်ဖျံရိုးထဲမှာလည်း ရှိတယ်ကွ။

ကောင်းအောင် said...

ဟုတ်တယ်ဗျ... အလေအလွင့်လမ်းမတစ်လျှောက် အဖတ်အစင်များသော နေ့ရက်များပေါ့ဗျာ...

layma said...

အဖိတ်အစင်တွေ အိတ်တွေ ကောက်ကောက်ထည့်ရင်း ထမင်းဟင်းမေ့ လမ်းပေါ်မှာ လေလွင့်နေခဲ့တာကြာပေါ့..။

SoeMoe said...

အမှန်တရားစစ်စစ်ကိုအသက်ထက်ပိုချစ်ကြ..တဲ့ 

ein said...

အမှန်တရားစစ်စစ်ကို လက်ဖျံရိုးထဲပါ ထိုးသွင်းကြသေးတာလား ညိမ်းညို...:P
အလေအလွင့်လမ်းမတစ်လျှောက်
အဖိတ်အစင်များသော နေ့ရက်များ...း)

Mhaw Sayar said...

ဒီကဗျာက ကဗျာတစ်ပုဒ် ဖတ်ရတာထက် ဓားခုတ်ပွဲ တစ်ပွဲကြည့်နေရသလိုပဲ ညီရေ..ထိသံခတ်သံ၊ မာန်သွင်းသံ တွေနဲ့ ဆူညံနေတယ်. :)

တင့်ထူးရွှေ said...

ဘယ်အရာမဆျုဝင်ဆါံဖို့ ငါ့ခန္ဓာကိုယ် သေးလွန်းလှတယ် လူငယ် ..

Unknown said...

ဒီကဗျာလေးကမာန်အပြည့်ပါတယ်နော်..
ကဗျာကစကားလုံးတွေအားကောင်းလွန်းတယ်။