13 July 2008

မိုးပြဇာတ်

ဇွန်လရဲ့ မိုးကောင်းကင် ခဲသားမှိန်မှိန်က
မိုးတိမ်တွေကို အန်ချလိုက်တာ
စံပယ်ပွင့်ကြွေသံတွေ တဖျောက်ဖျောက်၊

မိုးလေ၀သ သတင်းအပြီး
မိုးကာအင်္ကျီနဲ့ ထီးတစ်လက်
သားသမီးတွေတွက် ၀တ္တရားတွေ တဖြုတ်ဖြုတ်ကြွေ
မြင့်မိုရ်တောင်ကြီး ရေငတ်နေတယ်၊

ကမ္ဘာကြီးရဲ့အစီအစဉ်ကို သိချင်လို့
စလောင်းတပ်ဆင် ကြည့်မြင်နေချိန်မှာ
အရိုးတီဘီအိမ်လေးရဲ့ ကျန်းမာရေးက
နောက်ဆုံးမေးခွန်းတစ်ခုပဲ လိုတော့တယ်၊

ဘယ်သူသိသိ မသိသိ
ငါသိနေတဲ့ ခါးသီးမှုတွေထဲမှာ
မိုးရွာတာကလွဲရင်
အရမ်းပူတာပဲ။

နောင်ဝင်းထွန်း

4 comments:

Layma said...

ဘိုညိမ်းက ထမင်းကို ဟင်းနဲ့  မစားဘဲ ကဗျာနဲ့ စားသလား.. လို့ မေးရမလိုပဲ... ကဗျာတွေ စုထားဖတ်ထားလိုက်တာ အများကြီးပဲ...။ ဒီလို ဘ၀ကဗျာတွေ ဖတ်ရရင် ... ရင်ထဲ မကောင်းဘူးဟာ..။

Kaung Kin Ko said...

နောင်ဝင်းထွန်းရဲ့ ကဗျာလေး ခံစားသွားတယ်။

ein said...

ကိုနောင်ဝင်းထွန်းရဲ့ ကဗျာလေးကို ခံစားသွားပါတယ် ညိမ်းညို...

Unknown said...

ကဗျာကောင်းလေးတွေတင်ပြပေးလို့ ကျေးဖူးတင်ပါတယ်