5 July 2008

ဇူလိုင်(၅)ရက်နေ့က ကျွန်တော်ဖျားနာခဲ့တယ်


အပြင်မှာနှင်းတွေမကျတော့ဘူး
လူသူလေးပါးကင်းလွတ်ရာအရပ်မှာမှ မော်စကိုရဲ့နွေဦးက
ကျွန်တော့်ရင်အုံကို တစ်စုံတစ်ခုနဲ့ တည့်တည့်ပစ်ပေါက်လိုက်တယ်
ဒီလိုချစ်မိသွားပြီဆိုတဲ့နောက်
စိတ်နဲ့ကိုယ်ဟာ ကျွန်တော့်အပေါ်ရက်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့အိပ်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့ နေထိုင်စားသောက်တယ်
အမြဲတစေ သတိရခြင်းနဲ့ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်
အမြဲတစေ..အမြဲတစေ..အမြဲတစေ
အဲဒီလို အမြဲတစေ သတိရခြင်းနဲ့ယဉ်ပါးနေရတာကို ကျေနပ်တယ်
နွေးထွေးတယ်ဆိုတဲ့ အသိတစ်ခုက
နှလုံးသားရဲ့ ဥပဒေကို သူ့အလိုလို ပြဌာန်းပစ်လိုက်တယ်
ကျွန်တော်သယ်ဆောင်ထမ်းပိုးခွင့်ရတဲ့ ရွက်တိုင်ထိပ်ဖျားမှာ
သူ့နာမည်လေးကို ဦးဦးဖျားဖျား ရေးထိုးထားချင်တယ်
လေကိုပဲဆန်ဆန်.. ရေကိုပဲဆန်ဆန်..
မညှိုးတဲ့ပန်းလေးတစ်ပွင့်ကို သစ္စာတရားနဲ့မန်းမှုတ်လို့
သူ့ကေသာဦးမှာ ပန်ပေးချင်တယ်
ကျွန်တော့်လက်တစ်ဖက်ရဲ့အားမာန်မှာ
သူနှစ်သက်တဲ့တေးတစ်စနဲ့ လင်းပလိုက်ချင်သေးတယ်
တိတ်တဆိတ်ချဉ်းကပ်လာတဲ့ ချစ်ခြင်းမေတ္တာမှာ မိုးတွေစွေခဲ့တယ်
အချစ်နဲ့ ဖျန်းပက်ခြင်းခံရတဲ့အခါ ကျွန်တော် နှစ်ခြိုက်စွာဖျားနာတတ်ခဲ့ပြီ။

ညိမ်းညို

12 comments:

Unknown said...

အမြဲတစေ သတိရခြင်းနဲ့အိပ်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့ နေထိုင်စားသောက်တယ်
အမြဲတစေ သတိရခြင်းနဲ့ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်
အမြဲတစေ..အမြဲတစေ..အမြဲတစေ..............................
............ :)

Anonymous said...

“ချစ်သူကို
ရွှေနန်းထပ်မှာ ထားချင်တယ်
ချစ်သူကိုလက်ဖျားနဲ့တောင် မထိရက်နိုင်တယ်
ချစ်သူကို အာဘွားလေးတောင်မပေးရက်နိုင်တယ်”

မနာလိုလို့  ကဗျာကိုဝင်နှောက်သွာ နေရာတိုင်းမှာ အမြဲတစေ ဆိုတဲ့စာသားလေးဂွဒ်တယ် ;) အချစ်နဲ့ ဖျန်းပက်ခြင်းခံရတဲ့ ကိုညိမ်းညို ထာဝရ ဖျားနိုင်ပါစေ ။

Anonymous said...

အမြဲတစေ သတိရခြင်းနဲ့အိပ်စက်တယ်
အမြဲတစေ သတိရခြင်းနဲ့ နေထိုင်စားသောက်တယ်
အမြဲတစေ သတိရခြင်းနဲ့ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်
အမြဲတစေ..အမြဲတစေ..အမြဲတစေ

ကောင်းတယ်..အမြဲတစ်စေပေါ့နော်....

တင့်ထူးရွှေ said...

ဒုတိယတစ်ခေါက်ပြန်ဖတ်ရတော့လဲ ချစ်သူကိုဘယ်လောက်ထိချစ်သလဲဆိုတာလေးကို ပြန်ရလိုက်တာပဲ ၊ အမြဲတစ်စေ ဖျားနာနေရင် ကိုညိမ်း ချစ်သူက ဆေးကုပေးမှာလား ၊ အဆင်ပြေပါစေ သူငယ်ချင်းရေ ။ ။ :) :D :P

Layma said...

နှစ်ခြိုက်စွာဖျားနာ တတ်တဲ့ ကဗျာ ဆရာ ...ဆေးထိုးအပ်ကြီးကြီးနဲ့ တွေ့  မှ မှတ်မယ်..။

SoeMoe said...

အချစ်အကြောင်းလေးကိုဖွဲ့ နွဲ့ 
့ရေးထားတာတကယ်ကောင်း.....
နှစ်တိုင်းရဲ့ ဇူလိုင်(၅)ရက်နေ့ တွေမှာ..အမြဲတစေ
သတိရခြင်းတွေ နဲ့ ပျော်ရွှင်ချမ်းမြေ့ ပါစေ.....။

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ် ညီလေးရေ။ ရွက်တိုင်ထိပ်ဖျားမှာ ချစ်သူ့ နာမည်လေးကို အမြတ်တနိုးနဲ့ မြန်မြန်ရေးထိုးနိုင်ပါစေ။

အိုင်လွယ်ပန် said...

အဖျားလေးကိုခံစားသွားပါတယ်အစ်ကိုရေ....
သတိရခြင်းတွေနဲ့......
အမြဲတစေငြိမ့်ငြိမ့်လေးဖျားနေနိုင်ပါစေဗျာ...

Unknown said...

သူငယ်ချင်းတို့ အမှတ်တရနေ့ တွေတသက်တာ
ပိုင်ဆိုင်နိုင်ကြပါစေ..။

ခင်တဲ့..ယုမွန်

Unknown said...

ကဗျာလေးကကောင်းလိုက်တာ..ဖွဲ့ ဆိုခံစားပုံလေးကရိုးရိုး
လေးနဲ့ ဆန်းတယ်.။

ein said...

ဇူလိုင်(၅) ရက်က ဖျားခဲ့တယ်ဆိုတော့ ခုကော
ခြေနေက :P
သယ်ဆောင်ထမ်းပိုးခွင့်ရတဲ့ ရွက်တိုင်ထိပ်ဖျားလေးမှာ ချစ်သူ့နာမည်လေးကို
ဦးဦးဖျားဖျားရေးထိုးခွင့်ရပါစေ ညိမ်းညိုရေ

Anonymous said...

ညိမ်းညိုရေ .. ဒီကဗျာလေးမှ နူးညံ့တဲ့ ခံစားချက်တွေ တွေ့ လိုက်တယ် ။ မင်း အမြဲ အမ ဘလောဂ့်မှာ ပြောသလို ... အားလုံးအဆင်ပြေပါစေကွား)

နောင်ထပ် ဇူလိုင် (၅) ရက်တိုင်းမှာလည်း အပြုံးနဲ့ ဖျားနိုင်ပါစေလို့ ...း)